***အတိတ် နဲ့ ပစ္စုပ္ပန်***
တို့ပြည်မှာလေ
ရတနာတွေ ရောင်ဝါဝင်းလို့
မြစ်အင်းနဲ့ တောတောင်သွယ်
လယ်ယာတွေ လွန်ပေါများ
စပါးတွေ တောင်ပုံလားလေ
ပေါများခဲ့ပေ။
တို့ပြည်မှာလေ
သာသနာတွေ ရွှေရောင်ဆင်းနဲ့
ဘေးကင်းလို့ ငြိမ်းချမ်းစွာ
ပြည်မြန်မာ မြို့နယ်ဝှမ်း
ကုသိုလ်လမ်း ဝေဝေဆာ
သာယာခဲ့ပေ။
ခုချိန်မှာလေ
ရတနာတွေ ပြည်ပသွင်း
မြစ်အင်းတွေ ခြောက်သွေ့ဆင်းလို့
ဘေးကင်းတဲ့ သာသနာ
ပူလောင်ကာ ယိုပျက်ယွင်း
အချင်းချင်းတွေ သတ်ဖြတ်ရင်း
လယ်ကွင်းတွေ သိမ်းပိုက်ခြင်းကြောင့်
ဆင်းရဲလေခြင်း။
ပြစ်ကင်းတဲ့ ပြည်မြန်မာ
သာသနာနဲ့ ငြိမ်းချမ်း
ဘေးမသန်းဖို့ ဆိုရင်လေ
ချိန်မလွန်ခင် သွေးမကွဲပါပဲ
လက်တွဲကာ တူညီအားတွေနဲ့
မသွေတမ်း ပေါင်းစည်းကူလို့
ကြည်ဖြူစွာ သွေးသက်နှင်းကာဖြင့်
တင်းလို့ဖြေရှင်း။
လရိပ်လေး (မောင်းမကန်)
(၂၃ .၂ .၂၀၁၄)
No comments:
Post a Comment