***အဖြေမရှိတဲ့ ပုစ္ဆာ***
ပေါင်း နုတ် မြောက် စား မကျွမ်းကျင်တော့
ဘ၀ညီမျှခြင်းက
မသိကိန်းပဲ အစားထိုးနေရ။
မြင်ကွင်းက ကျယ်လိုက် ကျဉ်းလိုက်
မျက်လုံးကမွဲတာလား
ချိန်ဆမှုပဲ လွဲတာလား
ဦးနှောက်ထဲ မရေရာ။
ရှေဆက်သွားမလား နောက်လှည့်လေမလား
လမ်းခုလတ်မှာ အနာဂတ်ကေ၀၀ါး
ဘ၀ကောက်ကြောင်းတွေမှား
အသိတွေ အမှောင်ကျခဲ့ရ။
မသိကိန်းရဲ့ တန်ဖိုး
ဘ၀နဲ့ရင်းကာ တွက်ချက်တော့
တည်ကိန်း မဲ့နေသမျှ
ကစဥ့်ကလျားတွေ နဲ့က။
မြင်ရက်နဲ့ မျက်ကန်းဖြစ်
ကြားရက်နဲ့ နားမှာတစ်
ပြောချင်ရက် ဆွံ့အလို့
ဘယ်သူ့ကြောင့် ဘာကြောင့်။
ပုစ္ဆာဆိုတာ အဖြေရှိပေမဲ့
မိုးခါးရေ သောက်သူများ
သူတို့ရဲ့ အမှန်တရားက
အခုထိ အဖြေမရှိ။
လရိပ်လေး (မောင်းမကန်)
(7 .12 .2013)
No comments:
Post a Comment