****တို့တောရွာ****
ပျိုလေးတို့ရွာ
တောင်ခြေမှာ
သာယာလှပ ငြိမ်းချမ်းစွ။
ရွာအ၀င်လမ်း
အုန်းပင်တန်း
စိမ့်စမ်းရေကျ စိမ်းမြမြ။
ငှက်များတွန်ကြူး
စိတ်ကြည်နူး
ရွာဦးအလှ တင့်တယ်စွ။
တောင်ပေါ် ထိပ်ဖျား
စေတီများ
တည်ထားခဲ့ကြ သပ္ပါယ်လှ။
ရွာတောင်ဘက်ခြမ်း
ရေပူစမ်း
နတ်နန်းတမျှ ဆန်းကြယ်လှ။
ရွာနောက်ဘက်မှာ
ပင်လယ်ပြာ
တံငါလုပ်ကြ ၀မ်းရေးရ။
ရွာအလယ်နား
ဈေးတည်ထား
ခန့်ညားလှပ ဂုဏ်ရှိစွ။
ရွာသူတွေလည်း
စကားဝဲ
နားထဲကြားရ ချစ်မ၀။
မြို့နဲ့လည်းနီး
လမ်းခရီး
မညည်းညူရ ဆင်ပြေစွ။
နတ်ရွာလို့ပင်
တင်စားချင်
စာပင်ရှုံးရ တို့ရွာလှ။
ရွာအမည်မှန်
တင့်ပေဟန်
မောင်းမကန်လို့ မှည့်ထားပြန်။
အလည်လာပါ
ဖိတ်ခေါ်တာ
တို့ရွာဓလေ့ တို့ဓလေ့။
လရိပ်လေး (မောင်းမကန်)
(၆ .၁၂ .၂၀၁၃)
No comments:
Post a Comment