***ပန်းတစ်ပွင့်၏ အလွမ်း**
*
ပန်းနှင်းဆီငယ်
ဆူးတွေလယ်
တင့်တယ်လှသွေး ထူးလှတယ်။
ပိတုန်းငယ်ငယ်
လှမ်းလို့ကွယ်
ကျီစယ်နမ်းလေး ပေးလာတယ်။
ပန်းပွင့်လွှာစိမ်း
လှုပ်ကာယိမ်း
ဘယ်တိမ်းရှောင်လို့ နိုင်ပါ့မယ်။
ဝပ်ရည်စုပ်လည်း
ပြုံးလျက်ပဲ
ခိုင်မြဲမေတ္တာ ပေးချင်တယ်။
လိုရာယူသုံး
သွေခွာပုန်း
ဆက်ထုံးကြိုးလေး နှောင်ဖွဲ့တယ်။
သခင်မဲ့ကာ
ညှိုးငယ်စွာ
ရင်မှာနွမ်းလျ ဆွေးလှတယ်။
ရွှေရင်အသည်း
ဆယ်နေကဲ
ဝေ့၀ဲမျက်ရည် သည်းလှတယ်။
ပန်းရဲ့နိဂုံး
မြေ၀ယ်ဆုံး
မမုန်းဘယ်ခါ ချစ်နေမယ်။
ဖြေမပြေပါ
ဝေဒနာ
ကြင်နာရက်လေး ရောက်ချင်တယ်။
သခင်လာလမ်း
မျှော်ကာမှန်း
တမ်းတမ်းတတ လွမ်းရတယ်။....(လရိပ်လေး)
(18 . 3 . 2013)
No comments:
Post a Comment