***ကျွမ်းရင့် ရှိုက်သံ***
လမင်းရယ်သာ ကြယ်စင်ကမြူး
ကြည်နူးဖွယ် ညချမ်းရိပ်မှာလ
သူ့အသွင်သာ အရိပ်ထင်လာ
လွမ်းရရင်မှာ။
စက္ကန့်ရယ် မခြားတိုင်ပါ
သတိရစိတ်ရယ် မေ့နှလုံးတွင်မှ
ဘုရားကျောင်းကန် အတူတက်စဉ်က
စိတ်ရည်တူ ချစ်သူနှစ်ဦးရယ်မို့
ရစ်မူး ရွယ်စူး။
ခုခါဝယ် ကြယ်ပင်ကြွေလို့
ရေမြေရယ် တကယ်ခြား
ကြင်နာသူ သွေခွာရပြီမို့
လွမ်းဒဏ်ရာ ရင်ကိုနှင့်စေလျက်
ကျွမ်းရင့်ငိုပွဲ။............(လရိပ်လေး)(14 .3 .2013 )
No comments:
Post a Comment