Project တစ်ခုစလုပ်ဖို့ ရွေးချယ်ခံရပြီး
Key person အနေနဲ့ တက်ရောက်ခွင့်ရလို့
ဆရာမနှင်းပွင့်ဖြူနဲ့ အတူတူ
လရိပ်လေး (မောင်းမကန်)
၃၀.၃.၂၀၁၇
http://layeiklay.blogspot.com/
Friday, March 31, 2017
***NOပါကွယ်***
အတ္တသမားတွေ တရားပြတဲ့ခေတ်မှာ
အငတ်ငတ်အပြတ်ပြတ်နဲ့ တရားကျနေရတယ်။
အမှားလုပ်သူတွေ အမှန်တရားဆိုပြီး အလင်းပြတော့
မျက်ကန်းတွေ ခေါင်းညိတ်ကြတယ်။
ပညာရှင်အမည်ခံတွေ အဆိပ်သင့်စာပေရေးပြတော့
စာပေဆိုတာ သို့လောသို့လောနဲ့
အော် အန်ကယ်ဦးသိန်းတန်ကြီးပြောတာလေးသဘောကျမိ
ပြောင်းလဲခြင်းတဲ့လား
အန်ကယ်ကတော့ NOပါကွယ်။
လရိပ်လေး (မောင်းမကန်)
၂၇.၃.၂၀၁၇
http://layeiklay.blogspot.com/
***ရတနာထဲက ရတနာ ***
ရတနာထဲက ရတနာ ဇာတ်သိမ်းပိုင်းလေးကြည့်ပြီး
အမေတစ်ယောက်ရဲ့ မေတ္တာတရား၊
ယောက်ကျားတစ်ယောက်ရဲ့ သစ္စာတရားကို
အထင်းသားမြင်လိုက်ရသလို ခံစားမိတယ်။
အမေတစ်ယောက်ရဲ့ မေတ္တာတရား၊
ယောက်ကျားတစ်ယောက်ရဲ့ သစ္စာတရားကို
အထင်းသားမြင်လိုက်ရသလို ခံစားမိတယ်။
နောက်ဆုံးတော့လည်း အရာအားလုံးက
သေခြင်းတရားဖြင့် အဆုံးသတ်ရင်း
တွယ်တာသမျှက ခွဲခွာခြင်းအတွက်
နာကျင်စေတဲ့ တံတားတစ်ခုပါပဲလေ။
လရိပ်လေး မောင်းမကန်
၂၇.၃.၂၀၁၈
http://layeiklay.blogspot.com/
သေခြင်းတရားဖြင့် အဆုံးသတ်ရင်း
တွယ်တာသမျှက ခွဲခွာခြင်းအတွက်
နာကျင်စေတဲ့ တံတားတစ်ခုပါပဲလေ။
လရိပ်လေး မောင်းမကန်
၂၇.၃.၂၀၁၈
http://layeiklay.blogspot.com/
***အမေ အသက်ရာကျော်ရှည်ပါစေ***
အမေ့မွေးနေ့လေးမှာ ငွေရှားပေမဲ့
မေတ္တာမရှားတဲ့ မိသားစုလေးကြားမှာ
အမေပျော်နေတာလေးကြည့်ရင်း
ပီတိဖြစ်ရပါတယ်။
မေတ္တာမရှားတဲ့ မိသားစုလေးကြားမှာ
အမေပျော်နေတာလေးကြည့်ရင်း
ပီတိဖြစ်ရပါတယ်။
***ဒီနေ့ အမေ့ရဲ့ အသက် (၆၀) ပြည့်နှစ်မွေးနေ့***
အမေ့နားအနီးကပ်နေပြီး အမေနဲ့ဘုရားမှာကုသိုလ်တွေလုပ်ရင်း
အမေ့အပြုံးလေးကိုကြည်နူးစွာကြည့်ခွင့်ရချင်ခဲ့ပါတယ်။
အခြေအနေရ အဝေးရောက်နေရလို့
အဝေးကနေ အမေ့အတွက် အံ့ဩစေမဲ့
မွေးနေ့လက်ဆောင်လေး ပို့ပေးရင်း
မိသားစုလေးနဲ့အမေပျော်ရွှင်အောင်
လုပ်ပေးဖို့ ညီမလေးကိုပဲ အကူညီတောင်းလိုက်ရပါတယ်။
အခုချိန်ဆို အမေပျော်နေလောက်ပြီလို့
မှန်းဆပျော်ရင်း အမေ့ကိုလွမ်းပါတယ်။
ကျွန်မရဲ့အချစ်ရဆုံးအမေ
မွေးနေ့မှ စလို့ နောင်နှစ်တစ်တစ်ရာကျော်တိုင်အောင်
သမီးတွေ၊မြေးတွေကြားမှာ ပျော်ရွှင်နိုင်ပါစေ အမေ။
မပူမပင်မကြောင့်ကြရသော ဘဝကို အမေပိုင်ဆိုင်နိုင်ပါစေ။
နောင်နှစ်မွေးနေ့မှာ အမေနဲ့အတူတူရှိနေနိုင်အောင်
သမီးကြိုးစားပါ့မယ် အမေ။ အမေစိတ်ချမ်းသာပျော်ရွှင်ပါစေ။
လရိပ်လေး (မောင်းမကန်)
၂၆.၃.၂၀၁၇
http://layeiklay.blogspot.com/
***အပူငြိမ်းချမ်း စိတ်ရွှင်လန်း***
မခူးခဲ့ရက် နမ်းသက်သက်နှင့်
လင်းလက်စေချင်ခဲ့သူပါ။
ဟန်မဆောင်ရက် ရိုးသားလျက်နှင့်
ကမ်းလက်ပေးချင်ခဲ့သူပါ။
နေရာမယူရက် ခွန်အားဖက်၍
များတွက်လုပ်ပေးချင်သူပါ။
အတ္တမာန ခဝါချလျက်
ပူလှခန္ဓာ ငြိမ်းချမ်းရာကို
ရှာမှသာလျင် လူ့ဖြစ်အင်ကား
ပျော်ရွှင်အေးမြ လှပမှာ။
လရိပ်လေး (မောင်းမကန်)
26.3.2017
သမီးလေး အိအိမျိုးမြတ်ရဲ့ မွေးနေ့
ဒီနေ့ သမီးလေး အိအိမျိုးမြတ်ရဲ့ မွေးနေ့
ရွှေတိဂုံဘုရားသွားပြီး ကုသိုလ်ပြုခဲ့တယ်။
သမီးလေးမွေးနေ့မှ စပြီးလိုရာဆန္ဒပြည့်ဝပါစေလို့
ဆုတောင်းရင်း
လရိပ်လေး မောင်းမကန်
၂၁.၃.၂၀၁ရ
http://layeiklay.blogspot.com/
ရွှေတိဂုံဘုရားသွားပြီး ကုသိုလ်ပြုခဲ့တယ်။
သမီးလေးမွေးနေ့မှ စပြီးလိုရာဆန္ဒပြည့်ဝပါစေလို့
ဆုတောင်းရင်း
လရိပ်လေး မောင်းမကန်
၂၁.၃.၂၀၁ရ
http://layeiklay.blogspot.com/
Subscribe to:
Posts (Atom)















