Pages

Wednesday, December 7, 2016

*** မောင်းမကန်ကမ်းခြေ နေဝင်ဆည်းဆာအလှလေး***


ဆရာမ မောင်းမကန်ကမ်းခြေ နေဝင်ဆည်းဆာအလှလေးကို
ခဏလေးခံစားကြည့်တာပေါ့ ကလေးတို့ရေ . . .။
ဘဝအမောကို ပြန်မပြောလိုတဲ့ ဆရာမက
သဘာဝနဲ့ ဘဝကိုအလှချင်းပြိုင်လို့။
( လကျာ် ဝသုန် သုန္ဒရ )


လရိပ်လေး (မောင်းမကန်)
၇.၁၂.၂၀၁၆
http://layeiklay.blogspot.com/

***အတူတူဆုံခွင့်***



 

ကိုယ့်ရဲ့ဆရာမတွေ ထားဝယ်ရောက်လာချိန်
အတူတူဆုံခွင့်ရလို့ အရမ်းပျော်တယ်

လရိပ်လေး (မောင်းမကန်)
၇.၁၂.၂၀၁၆
http://layeiklay.blogspot.com/

Monday, December 5, 2016

*** လောကအလင်းအဖွဲ့အစည်း Training***


ထားဝယ်မြို့ လောကအလင်းအဖွဲ့အစည်းမှာ
Training စနေပြီ

လရိပ်လေး (မောင်းမကန်)
၆.၁၂.၂၀၁၆
http://layeiklay.blogspot.com/

***ထားဝယ်မြို့ သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနား***

Communication and Facilitation Training
သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနား
**********************************
ထားဝယ်မြို့ လယ်ပေါ်ကျောင်းတိုက်မှာ ထားဝယ်သူ ထားဝယ်သားတွေကို
တတ်သလောက်ပညာလေး မျှဝေခွင့်ရလို့ အရမ်းပီတိဖြစ်ရပါတယ်။

စိတ်ခွန်အားရော အတွေးအမြင်ပါပြောင်းလဲလာကြောင်း
စကားသံလေးတွေကြောင့် မျက်ရည်ကျမတတ်ကျေနပ်မိပါတယ်။

လူငယ်တွေရဲ့တိုးတက်မှုက ရှေ့ဆက်အနာဂတ်ကောင်းမွန်စေဖို့
 ဖြစ်လာလိမ့်မယ်ဆိုတဲ့ ကျွန်မခံယူချက် တစ်စိတ်တစ်ဒေသအတွက်
ဖြည့်ဆည်းခွင့်ရလိုက်ပြီမို့
ရှေ့ဆက်ဖို့ ပိုမိုအင်အားတွေ ရရှိလာခဲ့တယ်။

ကူညီပံ့ပိုးပေးတဲ့ ဆရာတော် ဦးသုန္ဒရနဲ့
ကိုချစ်ဇော်ဦးကိုရော သင်တန်းသူ သင်တန်းသားအားလုံးကိုပါ
ကျေးဇူးတင်လျက်ပါ။

မနက်ဖြန် နောက်သင်တန်းတစ်ခု
ဆက်ဖို့အားတင်းရင်း

လရိပ်လေး (မောင်းမကန်)
၅.၁၂.၂၀၁၆
http://layeiklay.blogspot.com/


Thursday, December 1, 2016

***ထားဝယ်မိမြေ လွမ်းသင့်စေ***


အခုဘဝ လူပီသလျက်
မျှဝေပညာ ပေးချင်တာမို့
မွေးရာဌာနေ ထားဝယ်မြေသို့
လုပ်တွေမအားလည်း ထွက်ခဲ့ပြီ။

အဖေအမေ မွေးရာမြေဝယ်
ဖေမေ့ကျေးဇူး မှန်းရည်စူးလျက်
စိတ်ကူးသစ်တွေ ထွက်ပေါ်စေဖို့
အားတွေမွေး၍ ထွက်ခဲ့ပြီ။

တို့တိုင်းရင်းသား လူငယ်များတွက်
အင်အားတိုးကာ သိပညာနှင့်
များစွာသုတ တကယ်ရဖို့
ရွှင်ပြလျက်သာ ထွက်ခဲ့ပြီ။

အဖေနဲ့တူသာ ထိုနေရာဝယ်
ပညာမျှကာ ပေးချင်ပါလည်း
ကြမ္မာမကောင်း ဘဝကြောင်းကြောင့်
လမ်းဟောင်းလေးကို လွမ်းဖြစ်သည်။

အဖေ့အမွေ ရခဲ့လေတာ
အဖေရောက်ရာ ဘုံဘဝမှ
သိမြင်ရလျက် ဝမ်းမြောက်နိုင်စေ
တောင်းဆုချွေကာ အားတင်းထားလည်း
ပါးမှာမျက်ရည် စိုလုပြီ။

လရိပ်လေး (မောင်းမကန်)
၁.၁၂.၂၀၁၆
http://layeiklay.blogspot.com/

Tuesday, November 29, 2016

***လူမှုဆက်ဆံရေးနှင့် ပံ့ပိုးကူညီခြင်းဆိုင်ရာ သင်တန်း****

မိမိမွေးရပ်မြေ ထားဝယ်သို့ သွားရောက်ပြီး
လူမှုဆက်ဆံရေးနှင့် ပံ့ပိုးကူညီခြင်းဆိုင်ရာ
သင်တန်းကို ထားဝယ်မြို့ လယ်ပေါ်ကျောင်းတိုက်ဆရာတော်၏
အကူအညီဖြင့် ဆွေးနွေးပေးခွင့်ရတော့မှာမို့ ဝမ်းသာနေမိပါတယ်။

မိမိတတ်မြောက်ထားသောအသိပညာကို မိမိရဲ့မွေးရပ်မြေမှာ
ပထမဆုံးပြန်လည်မျှဝေခွင့်ရတာမို့
တကယ်ကြည်နူးမိပါတယ်။

လူငယ်များ ဘဝတိုးတက်ရေး၊ လူမှုဆက်ဆံရေးနဲ့
စီးပွားရေးလောကမှာ အဆင်ပြေစွာရပ်တည်နိုင်ဖို့
ဒီသင်တန်းက အဓိကထောက်ပံ့ပေးနိုင်မှာ အသေချာပါ။

ပံ့ပိုးသူတစ်ယောက်အနေနဲ့ကြည်နူးမှုရသလို
သင်ယူလက်ခံသူများအနေဖြင့်အကျိုးဖြစ်ထွန်းပါစေလို့ ဆန္ဒပြုရင်း

လရိပ်လေး (မောင်းမကန်)
30.11.2016
http://layeiklay.blogspot.com/

Saturday, November 26, 2016

***ချစ်မဲ့ ဆုတောင်း***


စိမ့်စမ်းရေလေး တကယ်အေးလည်း
ဖော်ဝေးငှက်နှယ် လွမ်းမောဖွယ်ဖြင့်
ရင်ဝယ်နွမ်းလျ သူ့ကိုတလျက်
မြေခမျက်ရည် ကျလုပြီ။

နောင်သောအခါ လူဖြစ်ပါမူ
တဏှာမြူ ရှင်း ချစ်ခြင်းကင်းသည့်
အတွင်းနှလုံးသား ဥပေက္ခာတရားဖြင့်
ခြုံလွမ်းထားသူ ဖြစ်ပါရစေ။

လရိပ်လေး (မောင်းမကန်)
26.11.2016
http://layeiklay.blogspot.com/