Pages

Thursday, September 17, 2015

***အမှန်တရားကို လှည့်စားရင်***



သူငယ်ချင်း
လောကမှာ.......
ပြောချင်တိုင်းပြောခွင့်ရှိပေမဲ့
လုပ်ချင်တိုင်းလုပ်ခွင့်မရှိဘူး။

အပြောနဲ့အလုပ်ညီဖို့
ပါးစပ်နဲ့ သက်သေမပြပါနဲ့
လုပ်ဆောင်မှုနဲ့သက်သေပြပါ။

အမှန်တရားကို လှည့်စားရင်
အမှန်တရားက ပြန်ဒဏ်ခတ်လိမ့်မယ်။

လရိပ်လေး(မောင်းမကန်)
16.9.2015
http://layeiklay.blogspot.com/

***ပန်းပျိုးသူများအဖွဲ့နဲ့ အမှတ်တရ***

မန်းလေးရောက်တုန်း
သူငယ်ချင်း အင်ကြင်းကြောင့် ဆုံခဲ့ရတဲ့
ကျွန်မလေးစားအားကျရသော
ပန်းပျိုးသူများအဖွဲ့နဲ့ အတူ
အရိုးဆေးရုံကြီးမှာ ရေလှူအပြီး
အမှတ်တရ •••••••••••


ဒီလိုဖြူစင်သောအဖွဲ့နှင့်
အကြိမ်ပေါင်းများစွာ
ဆုံခွင့်ရပါစေလို့
ထာဝရဆုတောင်းရင်း ......

လရိပ်လေး(မောင်းမကန်)
15.9.2015
http://layeiklay.blogspot.com/

***လုပ်ပိုင်ခွင့်၊ ရာထူးဆိုတာ***



လုပ်ပိုင်ခွင့်၊ ရာထူးဆိုတဲ့ တံဆိပ်ဟာ
လက်အောက်ငယ်သားတွေကို
နှိမ်ချဖို့ မဟုတ်သလို
အထက်လူကြီးကိုလည်း
မရိုမသေဆက်ဆံဖို့မဟုတ်ဘူး၊

ကျရာနေရာကနေ
ကိုယ်လုပ်ပေးနိုင်သမျှ ပံ့ပိုးပေးကူညီရင်း
ရည်မှန်းချက်တစ်ခုဆီ ရောက်ရှိဖို့ပါပဲ။

လရိပ်လေး(မောင်းမကန်)
11.9.2015
http://layeiklay.blogspot.com/

***နိဂုံးမလှ***

သူတစ်ပါး၏ အပြစ်ကို
ဖော်ထုတ်ပြီး ရှုတ်ချမှ
ကိုယ်မျက်နှာသာရမယ်ဆိုတဲ့
အတွေးဝင်နေသမျှ
အဲဒီလူအတွက်တော့
အရာရာက နိဂုံးမလှ။


လရိပ်လေး(မောင်းမကန်)
10.9.2015
http://layeiklay.blogspot.com/

*****ပန်းပျိုးသူများသို့*****

ပန်းလေးတစ်ပွင့် ပင်ယံတင့်ဖို့
ရင်နှင့်မခြား မေတ္တာထားလျက်
ခွန်အားလုံ့လ ဥာဏ်ယှဉ်မျှကာ
ယုယမှသာ လှပရာ၏။


ဘဝလှပ တိုးတက်ကြဖို့
ရသပညာ ပေါင်းစုပါလျက်
စာနာသနား ယုံကြည်အားနှင့်
များစွာသင်ယူ ချစ်ခြင်းတူမျှ
ဖေးကူမှသာ အောင်မြင်ရာ၏။

ဝန်းကျင်လှပ တိုးတက်ရဖို့
ပေးငှဒါန ကူညီကြလျက်
ကြုံရခက်ခဲ ရှောင်မလွှဲပဲ
လက်တွဲညီတူ ကြိုးစားထူမှ
ပြည်သူများစွာ ချမ်းသာရာ၏။

သို့ကြောင့်သာလျင်
ကောင်းရာကောင်းကျိုး ရွက်သယ်ပိုးသည့်
ပန်းပျိုးသူများ အဖွဲ့သားကို
လေးစားဂုဏ်ယူ မှတ်တိုင်ထူသည်
များလူသာဓု ခေါ်စေသော်။

လရိပ်လေး(မောင်းမကန်)
8.9.2015
http://layeiklay.blogspot.com/

Sunday, September 6, 2015

လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးနေ့ (EnterpriseDevelopmentDay) အခမ်းအနား


 မန္တလေးမြို့မှာ ကျင်းပပြုလုပ်တဲ့
လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးနေ့
(EnterpriseDevelopmentDay)
အခမ်းအနားရဲ့ အမှတ်တရပုံရိပ်များ

လရိပ်လေး (မောင်းမကန်)
6.9.2015
http://layeiklay.blogspot.com/

****အမှတ်တရ နေရာတစ်ခုမှ ပုံရိပ်***

****အမှတ်တရ နေရာတစ်ခုမှ ပုံရိပ်***
လှချင်းရယ်ပြိုင် ဘယ်သူနိုင်ပါ့

လရိပ်လေး (မောင်းမကန်)
5.9.2015
http://layeiklay.blogspot.com/