Pages

Wednesday, May 3, 2017

***ပေးဆပ်ခြင်း***

မိမိလုပ်ပေးခဲ့သမျှအား အဖန်တလဲလဲ တွေးပြီး
ဂုဏ်ယူနေခြင်းသည် ပေးဆပ်ခြင်းအစစ်မမည်။

မိမိ၏စိတ်အား လွှတ်ချနိုင်သူသည်သာ
တစ်ပါးသူအား ခွင့်လွှတ်နိုင်စွမ်းရှိသည်။

မေတ္တာတရားသည်အေးမြ၍
ရိုစင်းသောသဘောရှိသော်လည်း
အရောင်ဆိုးချင်သူများအတွက်
ငရဲမီးကဲ့သို့ ပူလောင်စေနိုင်သည်။

ပေးဆပ်ခြင်းကို ချစ်သည်။
မျှော်လင့်ခြင်းကို ကျွန်မမုန်းသည်။

လရိပ်လေး (မောင်းမကန်)
18.4.2017
http://layeiklay.blogspot.com/

***နှစ်သစ်မှာ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ***

နှစ်ဆန်းတစ်ရက်နေ့မှာ
အမေ့ကိုဘုရားလိုက်ပို့ပြီး
ကုသိုလ်ယူခဲ့ပါတယ်။

သင်္ကြန်မှာအမေနဲ့အတူတူနေခွင့်ရပြီး
အလှူဒါနတွေပြုလုပ်ခွင့်ရလို့
နှစ်သစ်မှာထူးခြားတဲ့ပျော်ရွှင်မှုနဲ့
ကျေနပ်အားရပါတယ်။
နှစ်သစ်မှာ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။

လရိပ်လေး (မောင်းမကန်)
၁၇.၄.၂၀၁၇
http://layeiklay.blogspot.com/

***နှလုံးလှသူ Dr. Richard သို့***


လူပီသစွာနေတတ်ဖို့ လမ်းညွှန်ပေးခဲ့သူ
ဆရာဆိုတာထက်ပိုပြီး အဖေတစ်ယောက်လို အစစအရာရာစိတ်ပူပေးခဲ့သူ၊ 
ကျွန်မရဲ့မျက်နှာကိုကြည့်ပြီးနားလည်စွာကူညီပေးခဲ့သူ။

မြန်မာနိုင်ငံမှာစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေပေါ်ထွက်အောင် နည်းပြတွေ မွေးထုတ်ရင်း 
အသက်ကို ပဓာနမထား ကျန်းမာရေးမကောင်းတဲ့ကြားက 
ပညာတွေဖြင့်ပေးဆပ်ခဲ့သူ။

အင်္ဂလိပ်စကားပြောမကျွမ်းကျင်တဲ့ ကျွန်မကို
 ဖြေးဖြေးချင်းပြောပါလို့ အားပေးပြီး နားထောင်ပေးခဲ့သူ

သင်ကြားမှုအတွက် ဂုဏ်ပြုချင်လို့ပါဆိုပြီး
အော်စီ အထိခေါ်ပြီး ငွေကျေးအကုန်ကျခံ အစစအရာရာ
ဂရုစိုက်ပေးခဲ့သူ။

ဗီယက်နာမ်နဲ့ အင်ဒိုနီးရှားနိုင်ငံက ပညာရှင်တွေရှေ့မှာ
မြန်မာဆိုတာ ဂုဏ်ယူစရာဖြစ်အောင် ပံ့ပိုးပေးခဲ့သူ။

ကျွန်မတို့ကန်တော့တဲ့အချိန်မှာ မျက်ရည်ကျပြီး
တစ်ခါမှမကြုံဘူးလို့ ဝမ်းသာကြောင်းပြောခဲ့သူ။

မြန်မာနိုင်ငံအတွက် ငွေတွေထပ်ရှာပြီး
ပညာရေး စီးပွားရေးအတွက် ကူညီပါ့မယ်လို့
မှာလိုက်တဲ့ စိတ်ထားနူညံ့လှသူ။

ဆရာ အခုတော့ ထာဝရထားသွားခဲ့ပြီလေ။

သေခြင်းတရားဆိုတာနားလည်ပါတယ်ဆရာ။

ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ဖြေသိမ့်နိုင်စွမ်းတွေပျောက်နေတယ်ဆရာ၊
လောကဓံတရားကို အပြစ်တင်ချင်မိတယ်။

ကျွန်မအတွက် အနှိုင်းမဲ့ဆရာဖြစ်သလို
လူငယ်တွေအတွက်အားကိုးရာ မိတ်ဆွေကောင်းပါ။ 
ဘာကြောင့်အစောကြီးထွက်သွားရတာလဲဆရာ။

ဆရာ့ကျေးဇူးတရားတွေ ပြန်ဆပ်ဖို့
ဆရာပေးခဲ့တဲ့ပညာတွေ အတတ်နိုင်ဆုံး ပြန်လည်မျှဝေနေပါတယ်ဆရာ။

ဆရာဖြစ်စေချင်တဲ့ မသန်စွမ်းလူငယ်တွေ
စီးပွားရေးလုပ်ငန်းတွေလုပ်နိုင်လာအောင် ကူညီဖို့ကြိုးစားနေပါပြီဆရာ။

ဆရာကောင်းရာဘုံဘဝရောက်ဖို့ဆုတောင်းရင်း
ဆရာ့ဖြစ်စေချင်တဲ့ဆန္ဒကိုအတတ်နိုင်ဆုံးဖြည့်ဆည်းပါ့မယ်
နောင်ဘဝဆိုတာရှိခဲ့ရင် ပြန်ဆုံခွင့်ရပါစေလို့
မျက်ရည်ကြားမှ ဆုတောင်းမိပါတယ်ဆရာ။

လရိပ်လေး (မောင်းမကန်)
15.4.2017
http://layeiklay.blogspot.com/
 

***အပျော်စစ်***


အချစ်ပယ်ဖျက် တဏှာမမက်က
ပြုံးမပျက်ပဲ နေရသည်။

အတ္တမဖက် ငွေမမက်က
နေ့ရက်တိုင်းတွင် ပျော်ရသည်။

ကိုယ်ကျင့်သီလ စောင့်ထိန်းက
ဘဝလှဖို့ သေချာသည်။

လရိပ်လေး (မောင်းမကန်)
၁၃.၄.၂၀၁၇
http://layeiklay.blogspot.com/

***အမေ့အပြုံး***

မှော်ဘီမြို့ ရှေးဟောင်းရုပ်ပွားတော်( ၃၀၁)ဆူကို
သွားရောက်ဖူးမျှော်အပြီး
အပြုံးတွေဝေနေတဲ့
အမေရယ်
သမီးရယ်
ညီမလေးရယ် အမှတ်တရ

လရိပ်လေး (မောင်းမကန်)
၁၃.၄.၂၀၁၇
http://layeiklay.blogspot.com/
 

***အမေနဲ့မိသားစုတွေ ဘုရားဖူး***

အမေနဲ့မိသားစုတွေကို
ရွှေတိဂုံ၊ ဆူးလေ ၊
ကမ္ဘာအေး၊ စွယ်တော်ဘုရားတွေ
လိုက်ပို့ပေးရတာ
စိတ်ကျေနပ်မိပါတယ်။

အမေနဲ့မိသားစုတွေကို
ထာဝရပျော်ရွှင်မှုတွေ
ပေးဆပ်နိုင်သူဖြစ်ပါရစေလို့
ဆုတောင်းရင်း

လရိပ်လေး (မောင်းမကန်)
၉.၄.၂၀၁၇
http://layeiklay.blogspot.com/

***ရွှေဘိုမြေမှ ဖြူစင်သူများသို့***

ရိုးသားဖြူစင် သင်ယူချင်လျက်
ခင်မင်ဖော်ရွှေ သူတို့နေရာ
မြေရွှေဘိုဝယ် မြင်ဖလှယ်၍
တွေးကြွယ်စွာနှင့် မေတ္တာချစ်ခြင်း
ရင်ဖြင့်ရင်းကာ ရခဲ့သည်။


ပညာမျှရ ကုသိုလ်လှကြောင့်
သည်မျှဖြင့်သာ မရပ်ပါပဲ
ခန္ဓာဘဝ ရှိနေသမျှ
ပေးခွင့်ရစေ ဆုတောင်းချွေသည်။

ကျွန်မတိုင်းတာ အောင်မြင်ရာကား
စာနာစိတ်ထား မေတ္တာများဖြင့်
အများသူငှာ စီးပွားရှာရေး
ပညာဥာဏ်ပေး မျှဝေတွေးကာ
ဝေးနေမြို့ရွာ ကူညီမှာမို့
မှန်စွာအောင်မြင် ခဲ့ပေပြီ။

ရွှေငွေရယ်ရှား ဘဝခါးလည်း
အများဆင်ပြေ ပျော်ရွှင်လေတာ
မြင်နေရက မောသမျှပြေ၍
ပျော်ရရင်မှာ ကျေနပ်တာမို့
နောင်ခါသည်မြေ လာပါရစေ။

လရိပ်လေး (မောင်းမကန်)
၇.၄.၂၀၁၇
http://layeiklay.blogspot.com/