Tuesday, January 3, 2017
Sunday, January 1, 2017
***လူ့ဘဝအလှ ပြင်တတ်မှ***
တကယ်လှချင်
စိတ်ကိုပြင်
ပျော်ရွှင်မှုတွေ ရလိမ့်မည်။
အတ္တကိုပယ်
မေတ္တာသွယ်
ရင်ဝယ်ငြိမ်းချမ်း ရလိမ့်မည်။
တိုးတက်စေချင်
မုဒိတာဝင်
ပညာမျှဝေ ပေးရမည်။
စီးပွားလိုချင်
တွေးခေါ်ယှဉ်
သင်ယူလေ့လာတတ်ရမည်။
လက်တွဲရှည်ချင်
သစ္စာယှဉ်
အမြင်ပွင့်လင်း နေရမည်။
မိတ်ဆွေလိုချင်
ပြောဆိုပြင်
ခင်မင်မှုတွေ ပေးရမည်။
ငြိမ်းချမ်းလိုလျင်
ပညာယှဉ်
ညှိုနှိုင်းဆွေးနွေး တတ်ရမည်။
ကံကောင်းစေချင်
ကုသိုလ်ယှဉ်
ကြင်နာမေတ္တာ ထားရမည်။
လူပီသချင်
များကျိုးငင်
အသင်ကိုယ်ကျိုး စွန့်ရမည်။
ဘဝကူးကောင်းချင်
တရားယှဉ်
မသေခင် ကျင့်ကြံတတ်ရမည်။
လရိပ်လေး (မောင်းမကန်)
1.1.2017
http://layeiklay.blogspot.com/
Saturday, December 31, 2016
***နှစ်သစ်ကိုကြို လွမ်းစိတ်ပို***
သက္ကရာဇ်ရဲ့သက်တမ်းကုန်ဆုံးဖို့
စက္ကန့်တွေနီးလာလေ အလွမ်းရိပ်က
မည်းမှောင်လာလေလေ။
စက္ကန့်တွေနီးလာလေ အလွမ်းရိပ်က
မည်းမှောင်လာလေလေ။
အတိတ်တွေထားခဲ့ချင်ပါလည်း
အလွမ်းမြစ်တွယ်နေတဲ့ နှလုံးသားက
တမ်းတခြင်းကို မျက်ကွယ်မပြုနိုင်ပြန်ဘူး။
ပိတ်လှောင်ထားခဲ့လည်း
လွမ်းရိပ်က ဖြာဖြာကျလာတော့
မွန်းကြပ်ခြင်းတွေနဲ့ပဲ ပြည့်နှက်နေတယ်။
နှုတ်ဆက်ခဲ့ချင်လည်း
အလွမ်းရိပ်က သက်ဆိုင်သူရဲ့
ချစ်ခြင်းလက္ခဏာတစ်ခုမို့
တစ်သက်တာ လိုလိုချင်ချင်သိမ်းထားမိပြန်တယ်။
နေ့သစ်တွေ ကခုန်နေချိန်
ကျွန်မရင်ထဲ သူ့ချစ်ခြင်းရဲ့ရလဒ်ဖြစ်တဲ့
လွမ်းခြင်းကို သိမ်းထားနေမိဆဲပါ။
ချစ်နောက်ဆက်တွဲ လွမ်းဒဏ်ရာကို
သက္ကရာဇ်တည်နေသမျှ
နှလုံးခုန်ရပ်တဲ့အထိ
တယုတယ ပိုင်ဆိုင်ထားပါရစေ။
နှစ်သစ်ရေ
ရှင်ဘယ်ကို ခရီးဆက်ဆက်
ကျွန်မရဲ့အလွမ်းကို ချန်ထားခွင့်ပြုပါနော်။
လရိပ်လေး( မောင်းမကန်)
31.12.2016
http://layeiklay.blogspot.com/
အလွမ်းမြစ်တွယ်နေတဲ့ နှလုံးသားက
တမ်းတခြင်းကို မျက်ကွယ်မပြုနိုင်ပြန်ဘူး။
ပိတ်လှောင်ထားခဲ့လည်း
လွမ်းရိပ်က ဖြာဖြာကျလာတော့
မွန်းကြပ်ခြင်းတွေနဲ့ပဲ ပြည့်နှက်နေတယ်။
နှုတ်ဆက်ခဲ့ချင်လည်း
အလွမ်းရိပ်က သက်ဆိုင်သူရဲ့
ချစ်ခြင်းလက္ခဏာတစ်ခုမို့
တစ်သက်တာ လိုလိုချင်ချင်သိမ်းထားမိပြန်တယ်။
နေ့သစ်တွေ ကခုန်နေချိန်
ကျွန်မရင်ထဲ သူ့ချစ်ခြင်းရဲ့ရလဒ်ဖြစ်တဲ့
လွမ်းခြင်းကို သိမ်းထားနေမိဆဲပါ။
ချစ်နောက်ဆက်တွဲ လွမ်းဒဏ်ရာကို
သက္ကရာဇ်တည်နေသမျှ
နှလုံးခုန်ရပ်တဲ့အထိ
တယုတယ ပိုင်ဆိုင်ထားပါရစေ။
နှစ်သစ်ရေ
ရှင်ဘယ်ကို ခရီးဆက်ဆက်
ကျွန်မရဲ့အလွမ်းကို ချန်ထားခွင့်ပြုပါနော်။
လရိပ်လေး( မောင်းမကန်)
31.12.2016
http://layeiklay.blogspot.com/
Friday, December 30, 2016
***မာယာဆန်သည့် နှလုံးသား***
မမှားပဲ တောင်းပန်ခဲ့ဘူးသည်။
နာကျင်ရက်နဲ့ ပြုံးခဲ့ဘူးသည်။
ချစ်ရက်နဲ့ မုန်းကြောင်းပြောဘူးသည်။
လွမ်းပါရက်နဲ့ ရင့်ကျက်ဟန်ဆောင်ခဲ့ဘူးသည်။
ခံစားချက်ရှိပါရက်နဲ့ ဥပေက္ခာပြုခဲ့ဘူးသည်။
ထိုအချက်များ၏ နောက်ကွယ်တွင်မူ
ဟန်ဆောင်မှုကြားက ကျွန်မနှလုံသားသည်ကား
မလွင့်ပျယ်နိုင်သော အလွမ်းဖြင့်သာ
ခြုံလွှမ်းရစ်ပတ်နေတော့သည်။
လရိပ်လေး (မောင်းမကန်)
၃၀.၁၂.၂၀၁၆
http://layeiklay.blogspot.com/
Thursday, December 29, 2016
***ချစ်ရနံ့တွေ သင်းပျံ့စေ***
ရနံ့အဆင်း လှပခြင်းနှင့်
ကျော့ရှင်းလို့နေ တင့်တယ်ပေက
မသွေခူးသူ ပေါ်လိမ့်မည်။
ရနံ့မသင်း အဆင်းကင်း၍
ကြွေလွင့်နွမ်းကြေ မတင့်တယ်ပေက
မသွေခူးသူ ရှားလိမ့်မည်။
အာသာဆန္ဒ ဖြေရုံမျှနှင့်
အချစ်တစ်စအား ဖက်တွယ်ထားလျင်
အမှားတွေ့မှာ သေချာသည်။
အချစ်စစ်အား တွေ့ချင်ငြားသော်
နားလည်မှုပေး မေတ္တာထွေး၍
ဝေးနေလည်းလေ သစ္စာတွေနှင့်
မသွေမပျက် တဏှာမဲ့မှ
ချစ်ရက်လေးတွေ ရှည်လိမ့်မည်။
လရိပ်လေး( မောင်းမကန်)
၂၉.၁၂.၂၀၁၆
http://layeiklay.blogspot.com/
Monday, December 26, 2016
***လွမ်းစိတ်ကျန်စေ ပိတ္တောမြေ***
တတ်သိပညာ မနေသာ
ပေးငှဝေကာ နေချင်တာမို့
ကျရာကဏ္ဍ ကိုယ်တိုင်ကလျက်
မျှခဲ့ရလို့ ပျော်မိသည်။
ပျော်ရာမှာသာ နေချင်ပါလည်း
ဆက်ရာခရီးတွေ ရှိနေလေတော့
ဒီမြေလေးမှ အမှတ်တရတွေ
ခဏဖြေလျက် ပြန်ခဲ့ပြီ။
နောင်သောအခါ ကြုံခဲ့ပါမူ
သိရာပညာ ပေးဝေပါလျက်
အချိန်ကြာကြာ နေခွင့်သာအောင်
ကြံဆောင်တော့မည် စိတ်ကရည်။
ခုများတော့လေ စိတ်ကိုဖြေလျက်
ပိတ္တောမြေမှ လွမ်းစွေရကာ
ခဏ ကျောခိုင်း ပြန်အုံးမည်။
လရိပ်လေး( မောင်းမကန်)
၂၆.၁၂.၂၀၁၆
Subscribe to:
Posts (Atom)











