Pages

Sunday, December 25, 2016

***မေ့မရစေမဲ့ ညလေးတစ်ည***

ရွေဘိုမြို့ ပိတ္တောကျေးရွာမှ သင်တန်းဆင်းပွဲလေးအတွက်
သင်တန်းသူ သင်တန်းတားများအားလုံးရဲ့
ဆရာမအတွက် မီးပုံပွဲလေးလုပ်ပေးတယ်တဲ့လေ။

တစ်ခါမှမကြုံဖူးတဲ့အမှတ်တရလေးမို့
အရမ်းကြည်နူးမိတယ် အားလုံးကိုကျေးဇူးတင်ပါတယ်။

ဆရာမ ပျော်ရွှင်စေချင်လို့ဆိုပြီး
ခရီးဝေးကနေ နေရာပေါင်းစုံကလာပြီး
အားပါးတရ တွေ့ဆုံပွဲလေးလုပ်ပေးတာမို့
ထာဝရသတိရရင်း ကျေးဇူးတင်နေမှာပါနော်

မေ့မရစေမဲ့ ညလေးတစ်ည

လရိပ်လေး (မောင်းမကန်)
25.12.2016
http://layeiklay.blogspot.com/
 
 

***သင်တန်းပုံရိပ်တစ်ချို့***

ရွှေဘိုမြို့ ပိတ္တောကျေးရွာ
လူမှုဆက်ဆံရေးနှင့်ပံ့ပိုးမှု စွမ်းဆောင်ရည်မြှင့်တင်ခြင်း
သင်တန်းနောက်ဆုံးရက် ပုံရိပ်တစ်ချို့

လရိပ်လေး (မောင်းမကန်)
25.12.2016
http://layeiklay.blogspot.com/ 

***နားခိုရာမဲ့ အလွမ်းများ***

နားခိုရာမဲ့သော အလွမ်းများသည်

ကောင်းကင်ပြာနှင့် တောင်တန်းများအကြား
ပျံ့လွင့်သွားရင်လည်း ကောင်းပါရဲ့လေ

လရိပ်လေး (မောင်းမကန်)
25.12.2016
http://layeiklay.blogspot.com/

Thursday, December 22, 2016

***စာကြည့်တိုက်အတွက် စာအုပ်အလှူ***

ရွှေဘိုမြို့ ရွှေခြင်္သေ့ကျောင်းတိုက်မှ
ဆရာတော် ဦးတေဇာဓိပတိမှ
ပါရမီ ရွှေလက်သင်တန်းကျောင်း
စာကြည့်တိုက်အတွက်
စာအုပ်တွေအများကြီးလှူပေးလို့
ကျေနပ်အားရစွာ လက်ခံရယူခဲ့ပါတယ်။

ဆရာတော်ကျန်းမာချမ်းသာပြီး အများအကျိုး
ဒီထက်မကဆောင်ရွက်နိုင်ပါစေဘုရား။

လရိပ်လေး (မောင်းမကန်)
20.12.2016
http://layeiklay.blogspot.com/
 

***ပိတ္တောရွာ***

ဘုရားစေတီ ရွာဝယ်တည်လျက်
အမည်ပိတ္တော သာယာသောမြေ
စိမ်းလန်းပေစွ ရွာအလှ။

ရွှေဘိုမြို့၊ ပိတ္တောကျေးရွာမှာ မနက်ဖြန်သင်တန်းအတွက်
ဆရာတော်တွေနဲ့ဆွေးနွေးရင်း အပြန်ဘုရားဖူးခဲ့ပါတယ်။

လရိပ်လေး (မောင်းမကန်)
21.12.2016
http://layeiklay.blogspot.com/

***လွမ်း***

မြင်နေပါလျက် ကြင်ရခက်မို့
ရင်ထက်ဒဏ်ရာ နာကျင်စွာနှင့်
ခွဲခွာရပေ နေ့ရက်တွေ။

လရိပ်လေး (မောင်းမကန်)
20.12.2016
http://layeiklay.blogspot.com/

***ဝေရောစန ကျောက်စိမ်းစေတီတော်***

ခရီးသွားရင်း ကုသိုလ်ယူခဲ့ပါတယ်။
အားလုံး ကျန်းမာချမ်းသာကြပါစေ။

လရိပ်လေး (မောင်းမကန်)
20.12.2016
http://layeiklay.blogspot.com/