Thursday, December 22, 2016
***ခရီးသည်***
လားရာရှာကြ လူ့ဘဝဝယ်
ခဏနားမယ် ကြံကာရွယ်လည်း
သွယ်သွယ်ကိစ္စ အဝဝကြောင့်
သွားရပြန်ပြီ ခရီးရှည်။
ခဏနားမယ် ကြံကာရွယ်လည်း
သွယ်သွယ်ကိစ္စ အဝဝကြောင့်
သွားရပြန်ပြီ ခရီးရှည်။
***အချစ်နဲ့ဘဝ ခွဲသိပါမှ လူပီသ***
ကိုယ့်အတွက် အချစ်စစ်မပေးနိုင်သူအား
ရယူဖို့ကြိုးစားနေတာထက်
လမ်းခွဲနိုင်ဖို့ စိတ်ခွန်အားမွေးပါ။
ရယူဖို့ကြိုးစားနေတာထက်
လမ်းခွဲနိုင်ဖို့ စိတ်ခွန်အားမွေးပါ။
လူပီသဖို့ ကြိုးစားရင်း
လူဘဝတန်ဖိုးကို သိအောင်လုပ်ပါ။
လူတိုင်းချစ်တတ်သလို
လူတိုင်းလွမ်းတတ်သည်။
သို့သော်ဘဝသည်
အချစ်တစ်ခုတည်းဖြင့် တည်ဆောက်ရန်
မလုံလောက်ပေ။
ဘဝရည်မှန်းချက်ကို
မျှတစွာ အကောင်ထည်ဖော်ဖို့
အချစ်ထက် မိမိကိုယ်တိုင်က
ပိုမိုအရေးပါသည်။
လရိပ်လေး (မောင်းမကန်)
17.12.2016
http://layeiklay.blogspot.com/
လူဘဝတန်ဖိုးကို သိအောင်လုပ်ပါ။
လူတိုင်းချစ်တတ်သလို
လူတိုင်းလွမ်းတတ်သည်။
သို့သော်ဘဝသည်
အချစ်တစ်ခုတည်းဖြင့် တည်ဆောက်ရန်
မလုံလောက်ပေ။
ဘဝရည်မှန်းချက်ကို
မျှတစွာ အကောင်ထည်ဖော်ဖို့
အချစ်ထက် မိမိကိုယ်တိုင်က
ပိုမိုအရေးပါသည်။
လရိပ်လေး (မောင်းမကန်)
17.12.2016
http://layeiklay.blogspot.com/
Monday, December 12, 2016
***စွန့်စားသူ၏ လမ်း***
တွယ်တာချစ်ခြင်း သည်ရင်တွင်းဝယ်
စစ်ခင်းကာပြိုင် လွမ်းပန်းလှိုင်လျက်
မနိုင်မျက်ရည် ကျလေပြီ။
အမေနဲ့ဝေး မွေးရပ်လေးမှ
နွေးထွေးမေတ္တာ စွန့်ခဲ့ကာနှင့်
လာလမ်းလေးကို ပြန်ခဲ့ပြီ။
သို့သော်လည်းလေ သည်မွေးမြေတွက်
ရင်တွေကွဲစေ နှလုံးကြွေသို့
နွမ်းလေစိတ်အား မေ့ဖျောက်ထားလျက်
ခွန်အားဖက်ကာ အများတွက်တာဟု
ရင်မှာထား၍ နေပါ့မည်။
နောင်ဘဝသာ ရှိခဲ့ပါမူ
မွေးရာမြေမှ မခွဲရပဲ
မျှဝေပညာ ပေးခွင့်သာစေ
တောင်းဆုချွေလျက် ဝေ့လာမျက်ရည်
ပါးထက်ဆီသို့ မကျစေပြီ။
လရိပ်လေး (မောင်းမကန်)
12.12.2016
http://layeiklay.blogspot.com/
စစ်ခင်းကာပြိုင် လွမ်းပန်းလှိုင်လျက်
မနိုင်မျက်ရည် ကျလေပြီ။
အမေနဲ့ဝေး မွေးရပ်လေးမှ
နွေးထွေးမေတ္တာ စွန့်ခဲ့ကာနှင့်
လာလမ်းလေးကို ပြန်ခဲ့ပြီ။
သို့သော်လည်းလေ သည်မွေးမြေတွက်
ရင်တွေကွဲစေ နှလုံးကြွေသို့
နွမ်းလေစိတ်အား မေ့ဖျောက်ထားလျက်
ခွန်အားဖက်ကာ အများတွက်တာဟု
ရင်မှာထား၍ နေပါ့မည်။
နောင်ဘဝသာ ရှိခဲ့ပါမူ
မွေးရာမြေမှ မခွဲရပဲ
မျှဝေပညာ ပေးခွင့်သာစေ
တောင်းဆုချွေလျက် ဝေ့လာမျက်ရည်
ပါးထက်ဆီသို့ မကျစေပြီ။
လရိပ်လေး (မောင်းမကန်)
12.12.2016
http://layeiklay.blogspot.com/
***သင်တန်းဆင်းပွဲ အခမ်းအနား၊ ရွှေဂုဏ်ထူး အဆင့်မြင့်ဘော်ဒါဆောင်***
ပညာပြည့်ဝ နှလုံးလှသော
ရွှေဂုဏ်ထူး အဆင့်မြင့်ဘော်ဒါဆောင်မှ
ဆရာကြီးဦးဇော်ညွန့်၏ ဆရာ၊ဆရာမများအား
စွမ်းဆောင်ရည်တိုးတက်စေလိုသော ဆန္ဒအား
တစ်ထောင့်တစ်နေရာမှ ကူညီခွင့်ရလို့ကျေးဇူးတင်လျက်
အားရကျေနပ်မိပါတယ်ရှင်။
ပညာများပြန်လည်မျှဝေခွင့်ရအောင် အားတက်သရော
အဖက်ဖက်မှ ကူညီပံ့ပိုးပေးကြသော ဆရာ၊ဆရာမများ
ကျောင်းသားကျောင်းသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ
အားလုံးကို ကျေးဇူးတင်သလို ဆရာညီသုတနှင့်
စိတ်ရင်းစေတနာဖြင့် ဆွေးနွေးပေးသော
ဆရာကြီးဦးဇော်အာင်နိုင်ကို အထူးကျေးဇူးတင်မိပါတယ်ရှင်။
ရွှေဘိုမြို့စာကြည့်တိုက်အတွက် စာအုပ်အများကြီးကို
စေတနာပါပါဖြင့် လှူဒါန်းပေးခဲ့သော ဆရာကြီးဦးဇော်ညွန့်နဲ့ ဆရာညီသုတကို
ထပ်ဆင့်ကျေးဇူးတင်ပါတယ်ရှင်။
ပညာရှင်တွေနဲ့ဆုံခွင့်ရပြီး
မိမိတို့ဒေသ မိမိတို့ရဲ့လူငယ်တွေအတွက်
ကူညီခွင့်ရလို့ ပျော်ရွှင်မိပါတယ်။
နောင်လည်း ဒီထက်မက ဆရာကြီးတို့နဲ့အတူ
ထားဝယ်ဒေသအတွက်
ကူညီခွင့်ရပါစေလို့ ဆုတောင်းရင်း
အားလုံးကိုသတိရပါတယ်။
လရိပ်လေး (မောင်းမကန်)
12.12.2016
Friday, December 9, 2016
***ရှင်ကိုးရှင်သမိုင်းဝင် ရှင်တောင့်ပုံစေတီတော်***
ဖေ့ဘုတ်ကနေ ခင်မင်ခွင့်ရပြီး အရမ်းလေးစားဖြစ်ခဲ့တဲ့
အမကို သွားရောက်တွေ့ဖြစ်တယ်။
ဇနီးမောင်နှံ နှစ်ယောက်စလုံး ဖော်ရွေချစ်ခင်စရာကောင်းလိုက်တာ။
တကယ့်မိတ်ဆွေအရင်းတွေလို ခံစားမိတယ်။
သရက်ချောင်းမြို့ရဲ့ အထင်ကရ ရှင်ကိုးရှင်သမိုင်းဝင်
ရှင်တောင့်ပုံကို လိုက်ပို့ပေးတယ်။
ဆရာတော်ကိုဆွမ်းကပ်တယ်။ အားလုံးကို ထမင်းရော
အစားအသောက်မျိုးစုံကျွေးမွေးပြီး လိုလေသေးမရှိအောင်
နွေးထွေးစွာ ကြိုဆိုဧည့်ခံခဲ့ကြတယ်။ ထပ်ဆင့် မြန်မာ့ရိုးရာ
အထည်လေး လက်ဆောင်ပေးလိုက်သေးတယ်။
အင်တာနက်ကတွေ့ဆုံရပေမဲ့
ကျွန်မအတွက် မိတ်ဆွေကောင်းကို
ရရှိလိုက်လို့ အရမ်းကျေနပ်မိပါတယ်။
မိသားစုအားလုံး ကျွန်မတို့ပျော်ရွှင်ရသလို
ထပ်တူပျော်ရွှင်ပြီး ထာဝရငြိမ်းချမ်းစွာ
နေထိုင်ရပါစေရှင်။
လရိပ်လေး (မောင်းမကန်)
9.12.2016
Thursday, December 8, 2016
*** လောကအလင်း အဖွဲ့အစည်း၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ ***
ဒီနေ့ လောကအလင်း အဖွဲ့အစည်းမှ
ဦးဆောင်ပြုလုပ်ပေးတဲ့
သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ ပြီးဆုံးခဲ့ပြန်ပြီ။
လက်မှတ်ပေးရတာထက် သူတို့နဲ့အတူတူ
ပညာတွေအပြန်အလှန် မျှဝေသုံးသပ်ပြီး
အဖြေထုတ်ရတာ အရမ်းပျော်မိတယ်။
သင်တန်းအတွေ့အကြုံတွေက
သူတို့အတွက် တကယ်ထိရောက်မှုရှိပြီး
ဘဝရဲ့တိုးတက်ရာအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း
ပြန်လည်ကြားသိရလို့ ကျေနပ်မှုတွေက
အတိုင်းထက်အလွန်ပါပဲ။
သင်တန်းပြီးဆုံးတဲ့အထိ ကူညီဆောင်ရွက်ပေးသော
ထားဝယ်လယ်ပေါ်ကျောင်းဆရာတော် ဦးသုန္ဒရ
ကိုချစ်ဇော်ဦး၊ ကိုမင်းသူရ၊ ကားဆရာ ကိုငြိမ်းချမ်း၊
အစစအရာကူညီပေးကြသော
သင်တန်းသား၊ သင်တန်းသူများ အားလုံးကို
လေးစားကျေးဇူးတင်လျက်ပါ။
လရိပ်လေး (မောင်းမကန်)
8.12.2016
Subscribe to:
Posts (Atom)






















