Pages

Monday, December 21, 2015

***သုံးသပ်ခြင်း၏ အစ***

•••••ကိုယ်တိုင်၏ အတ္တများကို ပုံဖော်ရင်း
ဘဝသည် ငြိမ်းချမ်းမှုနှင့် ပိုပိုဝေးလာသည်။

•••••အတ္တကို ဖြည့်ဆည်းရန် လောဘအား
ဖက်တွယ်မိပြန်သည်။

•••••အဖြေထုတ်ကြည့်သည့်အခါ ဘာကြောင့်ဘယ်သူ့အတွက်ဆိုသော ရှင်းချက်များသည် ဒုက္ခကိုကိုယ်တိုင် လက်ခံနေခြင်းဖြစ်သည်။

•••••မိမိအတွက် ပံ့ပိုးပေးနိုင်သည့် အမှန်တရားသည်ကား ဒါန၊ သီလ၊ ဘာဝနာပွား၍ တရားအားထုတ်ခြင်းသာဖြစ်နိုင်သည်ကို တဒင်္ဂ သုံးသပ်မိသည်။

လရိပ်လေး (မောင်းမကန်)
19.12.2015
http://layeiklay.blogspot.com/

***မုဒုံမြို့ ဝင်းစိန်တောရ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရား***

  
မုဒုံမြို့ ဝင်းစိန်တောရ
ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရား
ဆရာတော်ရဲ့ရုပ်ကလပ်တော်ကိုဖူးပြီး
အပြေးအလွှား အမှတ်တရ

လရိပ်လေး (မောင်းမကန်)
19.12.2015
http://layeiklay.blogspot.com/

Monday, December 14, 2015

***စစ်မှန်သော နိယာမ***


ဖူးပွင့်ပန်းများ
လှပငြား
ကြွေသွားနောက်ဆုံး နွမ်းရသည်။

ကား၊လှေ၊ရထား
စီးကာသွား
ဂိတ်များဆုံးက ဆင်းရသည်။

မွေးဖွားလူသား
ကြီးပြင်းငြား
ဆုံးကား သေခြင်းဖြစ်ရသည်။

လရိပ်လေး (မောင်းမကန်)
11.12.2015
http://layeiklay.blogspot.com/

***ကဗျာမဆန်သော မြို့***


သူ့ရင်ခွင် သူ့အရိပ်ကို
ခိုလှုံခွင့်ရဖို့ ခံစားချက်တွေ
သိုသိပ်ထားခဲ့တယ်။
သူမေတ္တာရဖို့ လူတစ်ချို့ကို
ဥပေက္ခာပြုရဲခဲ့တယ်။

သူ့နဲ့ထာဝရလက်တွဲဖို့
သဘာဝ လှပမှုတွေကို
ချန်ထားခဲ့ရတယ်။

သူနဲ့အတူရှိနေရင်
ဘဝရဲ့အရသာ ချိုမြိန်လိမ့်မယ်လို့
ယုံကြည်ပြီး ဘဝတစ်ခုလုံးရင်းလိုက်မိတယ်။

ဒါပေမဲ့ သူရက်စက်တယ်
ခရီးနှောင့်နှေးစေတယ်။
ပူလောင်မှုတွေပေးတယ်။
မသမာမှုတွေ မြင်စေတယ်။
ရိုးသားမှုတွေ ကွယ်ပျောက်နေတယ်။
သူ့အချစ်က ပိုပိုပူလောင်လာတယ်။

သူ့ကိုထားခဲ့ဖို့
နှလုံးသားနဲ့ ရင်းရတော့မယ်။
သူနဲ့ပတ်သက်တဲ့ အောင်မြင်မှု
တိုးတက်မှု၊ စွဲလမ်းမှုကို ဖယ်ခွာရမယ်။
တစ်နေ့တစ်ခြား စိတ်ကုန်လာမိတယ်
မိရန်ကုန်ရယ်။

မှတ်ချက်။ ။ကားတွေအရမ်းကြပ်လွန်းလို့ စိတ်ညစ်ရင်း
ကဗျာတစ်ပုစ်ခံစားရေးမိသည်။

လရိပ်လေး (မောင်းမကန်)
10.12.2015
http://layeiklay.blogspot.com/

***ဆောင်းနေ့ရက်***

နှင်းမှုံဖြာလျက်
ဆောင်းနေ့ရက်
အေးစက်လေမြူး
စိတ်ကြည်နူး။

လရိပ်လေး (မောင်းမကန်)
10.12.2015
http://layeiklay.blogspot.com/

***ကိုယ်ချင်းစာတရား***

ကဗျာလှဖို့ အရေးအသားနဲ့ ခံစားချက်က အရေးကြီးသလို
လူတစ်ယောက်ရဲ့ ဘဝလှပပြည့်စုံဖို့ စိတ်ထားနဲ့
ကိုယ်ချင်းစာတရားက ပိုအရေးကြီးတယ်။

လရိပ်လေး (မောင်းမကန်)
9.12.2015
http://layeiklay.blogspot.com/

***ကိုယ်ချင်းစာလော့***

စစ်မှန်မေတ္တာ ရလိုပါက
လိမ်ညာရှောင်ရှား ကတိထားလျက်
စိတ်ထားဖြူစင် ကောင်းကျိုးယှဉ်၍
ရှုမြင်တွေးကာ ကိုယ်ချင်းစာလော့။

လရိပ်လေး (မောင်းမကန်)
8.12.2015
http://layeiklay.blogspot.com/