Pages

Saturday, September 5, 2015

***မြစ်နဒီ***

မြစ်ကမ်းရေပြင် တသွင်သွင်နှင့်
ရှုချင်စရာ ဆိပ်ကမ်းသာမို့
ကဗျာဖွဲ့ချင် စိတ်ကူးဝင်လျက်
ရှုမြင်ခဏ ကြည်နူးရပြီ
ထူးလှပါသည် မြစ်နဒီ။
 

လရိပ်လေး (မောင်းမကန်)
4.9.2015
http://layeiklay.blogspot.com/

***မဟာမြတ်မုနိ ဘုရားကြီး***

ဒီနေ့ ( September 2, 2015) မနက်အစောကြီး
မဟာမြတ်မုနိဘုရား သွားခဲ့တယ်။
ရွှေသင်္ကန်းကပ်ရင်း ခရေပန်းလှူခဲ့တယ်။
နောက်ဆုံးတော့ ပြခန်းလေးမှာ အမှတ်တရပေါ့။ 


အသက်တွေကြီးလာပြီဆိုတော့ ဘုရားရိပ်ပဲ အားကိုးနေရတဲ့ ဘဝ

စိတ်နွမ်းလည်းဖြေ လွမ်းလည်းပြေဖို့
ညနေရှုခင်း ဘုရားဝင်းမှာ
(ရွှေကျီးမြင် ဘုရား ) ( September 4, 2015)

လရိပ်လေး (မောင်းမကန်)
http://layeiklay.blogspot.com/ 

ဝေရောစန ကျောက်စိမ်းစေတီတော်


ဝေရောစန ကျောက်စိမ်းစေတီတော်
ကျောက်စိမ်း ရုပ်ပွားတော်
 ဝေရောစန ကျောက်စိမ်းစေတီတော် မုခ်ဦး
  ကျောက်စိမ်းတုံးပေါ်တွင်ထွင်းထားသော ထူးထူးခြားခြား ကျောက်စိမ်းဘုရား
 ကျောက်စိမ်းဘုရားမှာ သူငယ်ချင်းတွေနဲ့အမှတ်တရ

လရိပ်လေး (မောင်းမကန်)
August 31.2015
http://layeiklay.blogspot.com/

***ရွှေမန်းလေးမြေ***


ရွှေမန်းလေးမြေ လှမ်းခဲ့လေရင်း
ငေးနေဆွေးနေ လွမ်းသက်သေ။ (August 28.2015)



 မန္တလေးမြို့ အမရပူရ
ဆောင်းဒါးရက်ကန်းကျောင်း အမှတ်တရ (August 29.2015)


 စစ်ကိုင်း Edd ပွဲမစခင် နည်းပြများနဲ့ အမှတ်တရ

စစ်ကိုင်း Edd ပွဲက အပြန်  
အင်းဝမြို့ မယ်နု အုတ်ကျောင်း အမှတ်တရ (August 30.2015)




လရိပ်လေး (မောင်းမကန်)
http://layeiklay.blogspot.com/

ရွှေမန်းဆီသို့ ..

မိရန်ကုန်ရေ ...
ခဏနေခဲ့အုံးနော်
အများအတွက် တတ်နိုင်တဲ
နေရာက ကူညီပေးဖို့
မန္တလေးကို အပြေးလေး သွားရပါစေရှင်။

လက်ပြပြီး မနှုတ်ဆက်တော့ပါဘူး၊
ခဏခဏ ခွဲနေကြမို့ပါ။

လရိပ်လေး (မောင်းမကန်)
27.8.2015
http://layeiklay.blogspot.com/



***အချစ်၏ နောက်ကွယ်***


အပြစ်ရှိသောနှလုံးသားအား
အရှင်လတ်လတ် မြေမြှုပ်ခဲ့ပေမဲ့
အတိတ်မြေမှုန်တွေက နောက်ပါးမှာကပ်ရက်။

လှည့်မကြည့်ပဲ မြင်နေရ
နားမထောင်ပဲ အသံကြားရ
မသိစိတ်က စိုးမိုးခံနေရ။

အဖြေမှန်မရနိုင်တဲ့ ပုစ္ဆာကို
အောင်မှတ်လိုချင်မိတဲ့
မျက်ကန်း တစ်ယောက်ဟာ
နောက်ဆုံးတော့ ရင်ဗလာ။

လရိပ်လေး (မောင်းမကန်)
27.8.2015
http://layeiklay.blogspot.com/

ဦးသန့်စာအုပ်မိတ်ဆက်ပွဲ

မောတော့မောတာပေါ့
ဒါပေမဲ့ အမောပြေ
ကလေးတွေရဲ့စိတ်ဝင်စားမှု
ဦးသန့်စာအုပ်အပေါ်အမြင်လေးတွေ
ကြားရတော့မမောတော့ပါဘူး

ရင်မှပီတိ ဂွမ်းဆီထိသို့
လှမ်းကြည့်သူပင် ချစ်စိတ်ဝင်သည်
ကြည်ရွှင်သာလှ ရှုမဝပြီ။

လရိပ်လေး (မောင်းမကန်)
၂၄. ၈ .၂၀၁၅
http://layeiklay.blogspot.com/

 
ဦးသန့်စာအုပ်မိတ်ဆက်ပွဲ ၊
စာအုပ်လှူဒါန်းပွဲ
ဦးသန့်၏မွေးဖွားရာဇာတိ ပန်းတနော်