၂၅. ၁၂.
၂၀၁၄ ခရစ်စမတ်နေ့က မော်လမြိုင်ကို အလုပ်ကိစ္စနှင့် သွားခဲ့တယ်။
အလုပ်ကိစ္စတွေအပြီး ညနေချမ်းအချိန်မှာ မော်လမြိုင်မြို့ရဲ့ ကျက်သရေဆောင်
အထင်ရှားဆုံး စေတီဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၃၂၂)ခန့်က
နာဂ၀ီသတောင်တန်းပေါ်မှာ တည်ထားတဲ့ "သွားတော်ဓာတ်နှင့် ဆံတော်ရှင်
သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး"ကို အပြေးအလွှား ဖူးမြော်ခဲ့ရတယ်။
သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးကို ဖူးမြော်လိုက်ရတော့ ပင်ပန်းတာတွေ ပြေပြောက်ပြီး စိတ်ထဲမှာြ
ကည်နူးရပါတယ်။
ဘုရားရှိခိုး မေတ္တာပို့ အမျှအတန်း ပေးဝေခဲ့တယ်။
အလုပ်ကိစ္စတွေနဲ့ခရီးသွားရင်း ဘုရားလဲဖူးမျှော်ခွင့်ရခဲ့တဲ့
မော်လမြိုင်ခရီးက ကျမအတွက် အမှတ်တရ ဖြစ်စေခဲ့ပါတယ်ရှင်။
အလုပ်ကိစ္စတွေနဲ့ အမြဲနပန်းလုံးနေရတဲ့ကျမအတွက်
ဘုရားဂုဏ်တော်တွေပွါးများပြီး မေတ္တာပွါးကာ ဘုရားဖူးရတဲ့အခိုက်အတန့်လေးတွေဟာ
ကျမအတွက် ကြည်နူးရတဲ့ အခိုက်အတန့်လေးတွေ၊
အလုပ်ကိစ္စတွေ ဆက်လုပ်ဖို့ အင်အားတွေ တိုးစေတဲ့ အခိုက်အတန့်လေးတွေပါပဲရှင်။
၁။ စေတီတော်၏ ဘွဲ့တော်
- သွားတော်ဓာတ်နှင့် ဆံတော်ရှင် သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး
၂။ တည်နေရာ
- နာဂ၀ီသ(ခေါ်) သလင်းတောင်ထွဋ်တောင်မြတ်၊ လှိုင်နယ်မြေ၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။
၃။ စေတီတော်၏ ဥာဏ်တော် - ၁၅၀ ပေ
ရွှေထီးအ၀ --------------------- ၈ ပေခွဲ
ထီးတော်အမြင့် ---------------- ၂၅ ပေခွဲ
အောက်လုံးပတ် --------------- ၃၀၀ ပေ
ဖိနပ်အ၀န်း ------------------- ၄၅၀ ပေ
တည်ထားသည့် ခုနှစ် - သာသနာတော်သက္ကရာဇ် ၂၃၆ ခုနှစ် (ဘီစီ ၃၀၇)