Thursday, December 25, 2014
***မေ့ချစ်သူ***
မပန်ဆင်ရက် အခြွေခက်လို့
မြေသက်သည့်ပန်း ကောက်ယူလှမ်းလျက်
ဆင်မြန်းခဲ့သူ မေ့ချစ်သူ။
အပြစ်မယူ ချစ်ကြီးသူမို့
ကြည်ဖြူ နှလုံး သက်ထက်ဆုံးသို့
မပျက်မေတ္တာ ချစ်သစ္စာနှင့်
ရင်လွှာကွဲမျှ ချစ်နေရလျက်
တမ်းတကြည်ဖြူ မေ့ချစ်သူ
မြေလွှာပြုန်းမျှ မေ့မရဘဲ
ချစ်နေရသူ မေ့ချစ်သူ။
ချစ်ခြင်းသည်ကား သစ္စာထားလျက်
နားလည်မှုနှင့် ပေးဆပ်ခွင့်ဟု
သိလင့်မူကား …
အမုန်းပွါးခြင်း လွမ်းများကင်း၍
ချစ်ခြင်းကမ္ဘာ တည်တံ့မှာ။ ။
လရိပ်လေး(မောင်းမကန်)
(25- 12- 2014)
http://layeiklay.blogspot.com/
Tuesday, December 23, 2014
***မွေးမေမေ အလွမ်း***
မိတ္ထီလာကန် ရောက်ခဲ့ပြန်တော့
ချစ်ဟန်မူရာ တေးသံသာဖြင့်
အိပ်ယာဝင်တေး ဆိုညည်းပေးသည့်
မွေးမေမေကို လွမ်းမိသည်။
ချစ်ဟန်မူရာ တေးသံသာဖြင့်
အိပ်ယာဝင်တေး ဆိုညည်းပေးသည့်
မွေးမေမေကို လွမ်းမိသည်။
"ပုဂံလမ်းက အလွမ်း"
ပုဂံခရီး ရှုမငြီးလည်း
ချစ်ကြီးသူနဲ့ ခွဲခွာခဲ့လျက်
ချစ်မဲ့ခရီး လွမ်းဖိစီးသည်။
စက္ကန့်မျှပင် မခွဲချင်လည်း
သက်ရှင်နေရေး ဘ၀ပေးမို့
အဝေးကိုလည်း သွားရပြီ။
ပုဂံရောက်လျင် ဘုရားရှင်ထံ
အရင်ဆုတောင်း ပန်းရေလောင်း၍
ပေါင်းဖက်ရရေး ရည်မျှော်တွေးသည်။
သက်သွေးတည်စေ မေတ္တာဝေလျက်
မသွေခွဲခါ ချစ်ရေးသာလျက်
တစ်သက်တာတူ မြဲကြည်ဖြူ ခွင့်
ရယူချင်ပေ တောင်းဆုချွေ။ ။
လရိပ်လေး(မောင်းမကန်)
(23- 12-2014)
http://layeiklay.blogspot.com/
Saturday, December 20, 2014
လွမ်းစေညွှန်းသည့် ဆောင်း
ဆောင်းဦးရက်ကြွေ
မြောက်လေပြေကြောင့်
လွမ်းစွေရပြီ ချစ်ဦးဆီ။
နှင်းစက်မှုန်ဖွေး
ငွေရောင်သွေး၍
လွမ်းတေးလေးလည်း ညည်းမိပြီ။
နှင်းနဲ့လေပြေ
ရင်ကိုမွှေလျက်
ခွဲနေရသူ
ဘ၀င်ဆူအောင်
ပြုမူနေသလား ထင်ရသည်။
ရင်နွမ်းစိတ်ဆူ
လွမ်းရသူကို
ကြည်ဖြူညွှတ်ထွေး
ဆောင်းလေအေးဖြင့်
ချစ်ရေးနွေးအောင်
ယှက်ထွေးကူညီ တောင်းဆုရည်။
ချစ်နဲ့လည်းဝေး
ဆောင်းလည်းအေးမို့
လွမ်းရေးသာငင်
စိတ်မရွှင်ပဲ
မကြင်သူဆီ မျှော်ရပြီ။
လရိပ်လေး(မောင်းမကန်)
(19- 12-2014)
http://layeiklay.blogspot.com/
မြောက်လေပြေကြောင့်
လွမ်းစွေရပြီ ချစ်ဦးဆီ။
နှင်းစက်မှုန်ဖွေး
ငွေရောင်သွေး၍
လွမ်းတေးလေးလည်း ညည်းမိပြီ။
နှင်းနဲ့လေပြေ
ရင်ကိုမွှေလျက်
ခွဲနေရသူ
ဘ၀င်ဆူအောင်
ပြုမူနေသလား ထင်ရသည်။
ရင်နွမ်းစိတ်ဆူ
လွမ်းရသူကို
ကြည်ဖြူညွှတ်ထွေး
ဆောင်းလေအေးဖြင့်
ချစ်ရေးနွေးအောင်
ယှက်ထွေးကူညီ တောင်းဆုရည်။
ချစ်နဲ့လည်းဝေး
ဆောင်းလည်းအေးမို့
လွမ်းရေးသာငင်
စိတ်မရွှင်ပဲ
မကြင်သူဆီ မျှော်ရပြီ။
လရိပ်လေး(မောင်းမကန်)
(19- 12-2014)
http://layeiklay.blogspot.com/
Saturday, December 6, 2014
မဟာမြတ်မုနိဘုရားဖူး အမှတ်တရ
မန္တလေး မှာ EDNA မြန်မာ ရဲ့ သင်တန်း သား သင်တန်းသူ အဖွဲ့စည်းခေါင်းဆောင်နဲ့ မဟာမြတ်မုနိဘုရားဖူး အမှတ်တရ
Subscribe to:
Posts (Atom)










