စိတ်ဝယ်ထင်ရ ခဏမျှတွင်
ပူလှရင်စုံ လွမ်းများဆုံသည်
ဘယ်ပုံဘယ်နည်း ဖြေရပါ့။
ချစ်ခြင်းနိဂုံး မုန်းနှင့်ဆုံး၍
အပြုံးပျောက်ကွယ် အလွမ်းနွယ်ရစ်
ကြောက်ဖွယ်ဖြစ်မှာ သိခဲ့ပါမူ
ဘယ်မှာချစ်မိ လေမည်နည်း။
ချစ်တာလည်းသိ အမုန်းရှိလျက်
လွမ်းမိကျိန်စာ ပျက်ပြယ်ရာကို
ဖွေရှာကြည့်က တရားရ၍
ဖြစ်ကြပျက်ကြ လူ့ဘဝအား
ခဏတွေ့ဆုံ ဒုက္ခဘုံဟု
ယုံကြည်မိကာ မြင်တွေ့လာ။
ထိုထိုဒုက္ခ ကင်းစင်ရဖို့
ဒါနနဲ့ယှဉ် မေတ္တာဝင်လျက်
မသေခင်မှာ တရားရှာ၍
ကောင်းရာလမ်းကြောင်း လျှောက်မယ်လေ။
မသန္တာ (မောင်းမကန်)
13. 7.2016



No comments:
Post a Comment