အကြောင်းပြချက် ကိုယ်စီနဲ့
ပေးကြယူကြသည်။
ပေးသူဘက်က မျှော်လင့်ချက်မရှိဘူးဆိုသော်ငြား
ရယူသူဘက်က တစ်ခုခုကို ပြန်ပေးဆပ်ရစမြဲ။
ကျေးဇူးတရား၏ အနက်ကို လက်ခံရင်း
အချိန်လား၊ ဂုဏ်သိက္ခာလား၊ လွပ်လပ်မှုလား၊
နာကျင်မှုနောက်ကွယ်က ထောက်ထားမှုတွေနဲ့
ပေးဆပ်ကြရတယ်။
ထိုကြောင့် လူတစ်ယောက်အဖြစ် မှန်ကန်ဖြောင့်မတ်စွာ
ရပ်တည်လိုလျင် လက်ဆောင်ကို ချင့်ချိန်လက်ခံသင့်သလို
ဒီလက်ဆောင်ကြောင့် ငါဘာပြန်ပေးရမှာလဲ
ဆိုသည့်အတွေးကို ကြိုတွေးသင့်ပေသည်။
ရယူခြင်းသည် ပေးဆပ်ရန်အတွက်
လမ်းပြသော အညွန်းကိန်းတစ်ခုသာဖြစ်ပေသည်။
လရိပ်လေး (မောင်းမကန်)
10.8.2016
http://layeiklay.blogspot.com

No comments:
Post a Comment