***မြတ်ဆရာ***
တခဏလေးအတွင်း မြင်ရာကို ချက်ချင်း ကဗျာအဖြစ်
ပြောင်းလဲစပ်ဆိုနိုင်တဲ့ ဆရာ တက္ကသိုလ်ဘုန်းကြွယ်နဲ့ မြန်မာ ကဗျာများကို
လက်တန်းစပ်ဆိုနိုင်သော ကဗျာဆရာများကို အနူးအညွတ်လေးစားသော အားဖြင့်
ဤကဗျာလေးကို ရေးသားထားပါတယ်ရှင်။
အမှားပါရင် ပြင်ဆင်ဖတ်ရှုကြပါလို့။
ဆရာ မြန်မာပြည်ပြန်လာတုန်းက reader channel စာပေ စကားဝိုင်းမှ
ဒေါက်တာခင်မောင်ညိုနဲ့ အတူ ဆရာ့ကို အင်တာဗျူးလုပ်ခဲ့တဲ့ ဓာတ်ပုံလေးနဲ့
ဆရာ့ကို ဂုဏ်ပြုရင်း ရေးသားတင်ပြလိုက်ပါတယ်ရှင်။
***မြတ်ဆရာ***
တို့ဆရာ ပညာကြွယ်။
ကဗျာကို မြင်ရာစပ်လို့
တွေးတတ်လှတယ်။
ပြုံးမပျက်ကွယ်
ခဏရယ်လေး။
တွေးထက်ကာ ဥာဏ်ကွန့်မြူးလို့
ထူးလှပါသေး။
လရိပ်လေး(မောင်းမကန်)
(၁ .၃ .၂၀၁၄ )
No comments:
Post a Comment