မသဲမကွဲ
စိတ်တော့မရှိနဲ့ ........၊
ကဗျာဆရာ၊ စာရေးဆရာနဲ့ အရက်သမား
ရောနေတယ်။
အနုပညာရှင်နဲ့ သဘင်သည် ဖက်ခွက်စား
ရောနေတယ်။
ခေါင်းဆောင်နဲ့ ဆရာလုပ်ချင်တဲ့သူ
ရောနေတယ်။
နိုင်ငံရေးသမားနဲ့ ပေါ်ပြူလာဖြစ်ချင်တဲ့သူ
ရောနေတယ်။
မီဒီယာနဲ့ ဂျာနယ်ရောင်းကောင်းအောင် လုပ်တဲ့သူ
ရောနေတယ်။
သတင်းထောက်နဲ့ သတင်းနောက်လိုက်
ရောနေတယ်။
ဦးဆောင်သူနဲ့ ဦးအောင် နေရာယူထားသူ
ရောနေတယ်။
သူတော်ကောင်းနဲ့ တိုက်ပုံအကျီဝတ်ထားသူ
ရောနေတယ်။
ပရဟိတနဲ့ 'ကြော်' 'ညာ' ဆိုင်းဘုဒ်
ရောနေတယ်။
စိတ်တော့ မရှိနဲ့
'ကျီး' နဲ့ 'ဒေါင်း' ရောနေတယ်။
မောင်လှမျိုး(ချင်းချောင်းခြံ)
No comments:
Post a Comment