***ပြစ်ရယ်မမြင် ချစ်စေချင်***
မြန်မာ့ဘောလုံး တကယ်ရှုံးတော့
စိတ်နှုံးနွမ်းလျ နာကျင်ရ၍
ဖြေရလည်းခက် နေရခက်။
မြန်မာမြန်မာ အော်ဟစ်ကာဖြင့်
ညီညာဖြဖြ အားပေးကြလည်း
ရှုံးရလို့လေ မျက်ရည်ဝေ။
နည်းပြလေလား အသင်းသားလား
ငြင်းပွားလို့လေ ဝေဖန်နေလည်း
တို့မြေသိက္ခာ ကျဆင်းရှာပြီ
မြန်မာအားကစား ဒီလိုလား။
အရှုံးများသာ ရင်ဆိုင်လာရ
မြန်မာများတွေ စိတ်နွမ်းကြေ၍
မဖြေသာပဲ ရရာဆွဲကိုင်
တလွဲယိုင်တာ ပြစ်မရှာပဲ
စာနာကဲကာ နားလည်ပါ။
မျှော်လင့်ချက်များ ယိမ်းယိုင်သွား၍
အားပေးမှုများ နည်းလမ်းမှားတာ
အများမြင်ဝယ် မတင့်တယ်လည်း
ပြစ်ဘယ်မမြင် မြန်မာပင်မို့
အစဉ်ဖေးမ ခွင့်လွှတ်ကြ။
လရိပ်လေး (မောင်းမကန်)
(၁၇ .၁၂ .၂၀၁၃)
No comments:
Post a Comment