***နွားကျောင်းသား***
ရွာရှေ့ဖျားက ညောင်ညိုရိပ်
နွားကျောင်းသားလေး မောဖြေသိပ်။
စားကျက်ရိပ်မှာ နွားတို့ပျော်
နွားကျောင်းသားလေး တေးဆိုအော်။
ပြုံးပျော်ရင်းသာ ပုလွေမှုတ်
နေမင်းကြီးကို ဖက်မလုပ်။
ရိုးရိုးမှုတ်တဲ့ ပုလွေသံ
တောတန်းလေးထိ ပျံ့လွင့်ညံ။
စီစီညံတဲ့ ငှက်သံများ
ပုလွေသံအောက် ပျောက်လို့သွား။
နေဝင်သွား၍ မိုးချုပ်လာ
နွားတို့ရှိရာ ပြေးရရှာ။
တစ်ကောင်မကျန် ပြေးကာစု
နွားကျောင်းသားလေး သူ့အမှု။
လရိပ်လေး (မောင်းမကန်)
(၁၅ .၁၁ .၂၀၁၃)
No comments:
Post a Comment