ရန်ကုန်ဆိုတဲ့ မြို့ပြကြီး
လမ်းများပိတ်လို့ လူတိုင်းငြီး။
လိုင်းကားစီးရင် ငွေနှစ်ရာ
စပယ်ယာက ငေါက်သေးတာ။
အချောင်ကြီးတဲ့ အော်လို့ပင်
ပြည့်သိပ်ကြပ်အောင် ဇွတ်တင်းတင်။
ထိုင်ရာရဖို့ ဝေလာဝေး
မတ်တတ်ရပ်လို့ လိုက်ရသေး။
မှတ်တိုင်နီးရင် ကြိုလို့ပြင်
ကားပေါက်ဝကို ထွက်ထားရှင်။
သို့မှသာ စပယ်ယာလေး
မအော်ပဲနဲ့ ချထားပေး။
စိတ်ညစ်လာလို့ တွေးမိတာ
လေယာဉ်ကြီးပဲ ၀ယ်တော့မှာ။
စီးချင်သူများ ကြိုပြောထား
ငွေမလိုပါ အလကား။
လရိပ်လေး (မောင်းမကန်)
(24. 10. 2013 )
No comments:
Post a Comment