Pages
▼
Saturday, January 19, 2013
''ညှို့ချက်မိတဲ့ အချစ်ရဲ့သားကောင်''
ဆောင်းလေပြေရဲ့ ရနံ့တချို့နဲ့
ချစ်သူအတွက်ဆိုပြီး
ကျွန်တော်ဟာ.... ကဗျာလှလှတစ်ပုဒ်ကို...
နင့်နင့်သီးသီးနဲ့...ရင်မှာ ခြယ်မှုန်းတယ်
ဝေ့သီကြွေကျလာတဲ့
ပုလဲမျက်ရည်အောက်
နှလုံးသွေးဆေးစက်တွေနဲ့
ရသစုံပန်းချီကားတစ်ချပ်
အသည်းတဆတ်ဆတ်တုန်ရင်း
အဆုံးသတ်လိုက်တယ်။
တိတ်တခိုးနဲ့ လွမ်းနေသူရင်မှာ
စွယ်တော်ရွက်တွေ...လွင့်ကြွေလို့
ဆံနွယ်တွေကို အလှဆုံးဖြန့်ကျက်ထားလှဲ့
ဘယ်အခါမှ...မတည်ရှိဖူးသေးတဲ့ အချစ်စစ်တစ်ခုနဲ့
အလွမ်းတွေ...အဆွေးတွေကို
ဝေါကနဲပဲ...ရွာသွန်းချတယ်
အခွင့်မရပဲ ချစ်ပြခဲ့တဲ့
ခပ်ညံ့ညံ့ဇာတ်ရုပ်က အမှတ်တမဲ့မို့
ရင်အစုံကိုဓားထက်ထက်နဲ့ခွဲ
အလွမ်းမိုးတွေသည်းစေခဲ့တယ်။
အလွမ်းတွေဝေတဲ့ မနက်ခင်းတိုင်း...
ဒီရာစုနှစ်ရဲ့....
မြို့ပြအောက်ခြေမှာ...
ကျွန်တော်ကိုယ်တိုင်မြှုပ်နှံခဲ့တဲ့....
ချစ်ခြင်းတစ်စုံရှိတယ်....
သေအံ့မူးမူးတောင်
အချစ်ဆူးလေးကို
မနှုတ်ရက်ချင်ဘူး
ရမ္မက်လူးလို့ အချစ်ရူးဆိုတဲ့
ပညတ်ချက်ကို တစ်ရှိုက်မက်မက်
မိုက်မိုက်မဲမဲ အသက်မြဲနေသမျှ
စခန်းချထားလိုက်တယ်။
ရင်ခွင်တစ်စုံကို
ပန်းချီကားတချပ်လို
မင်းစုတ်ချက်တွေနဲ့
အလိုရှိသလိုအသုံးပြုလိုက်ပါ၊၊
ပန်းချီကားလေးအသက်ဝင်လာပါရဲ့….ချစ်သူ
အလွမ်းအဆွေးတွေရောင်စံ
သောကတွေချောင်ခိုရင်း
ချစ်ခြင်းဆိုတဲ့အရာ အမုန်းစုတ်ချက်နဲ့ပဲ
သရုပ်ပျက်သွားခဲ့တယ။်
ကွေးညွတ်တဲ့နှုတ်ခမ်းတစ်စုံမှာတွယ်ညိမိတဲ့...
စိတ်ဝိဥာဉ်ငါက.....
အလွမ်းဥယျာဉ်ထဲပန်းပျိုးမိသူ ..
.ဖြစ်နေပြီလားကွယ်...
နေ့နေ့ညည တစ်သသနဲ့...
ဲအဲ့ဒီတစ်ညမှာဧဒင်ဥယျာဉ်ကြီးထဲ...
ချစ်သူတွေပျော်ပွဲဆင်နွှဲကြလိမ့်မယ်
ရွှန်းလက်တောက်ပတဲ့ မျက်ဝန်းတစ်စုံက
တစ်စစပဲ့ကြွေအောင် ညှို့ချက်ပြင်းတယ်
ချစ်ခြင်းကိုစစ်မခင်းခဲ့ပေမဲ့
ဒီပွဲမှာ ငါက ဗျတ္တလိုပဲ ယုံမှတ်မှားလို့
အသေသတ်ကစားပွဲမှာ အချစ်သားကောင်
ဖြစ်ခဲ့ရတယ်…………ချစ်သူ။
written by၊၊ ၊၊Layeik Lay ( လရိပ်လေး)& Yan Aung Moe (ကိုရန်လေး)

No comments:
Post a Comment