သင်တန်းမစခင်လေး
ရွှေဘိုမြို့ရဲ့ အလှတရားတွေအကြား
ချစ်စရာ ပိတောက်ပန်းးတွေနဲ့
လရိပ်လေး (မောင်းမကန်)
၇.၄.၂၀၁၇
http://layeiklay.blogspot.com/
Pages
▼
Friday, April 7, 2017
***Improve Your Business စီးပွားရေးနည်းပညာ သင်တန်း***
Improve your business စီးပွားရေးနည်းပညာ
သင်တန်းတစ်ခုအောင်မြင်စွာ သင်ကြားပေးနိုင်တဲ့အပြင်
ပညာအရည်အချင်း မြင့်မားပြီး စိတ်သဘောထားပြည့်ဝတဲ့
ဆရာမတွေနဲ့ အတူတူသင်ကြားခွင့်ရလို့ အတိုင်းမသိ
ဝမ်းသာမိပါတယ်။
သင်တန်းတစ်ခုအောင်မြင်စွာ သင်ကြားပေးနိုင်တဲ့အပြင်
ပညာအရည်အချင်း မြင့်မားပြီး စိတ်သဘောထားပြည့်ဝတဲ့
ဆရာမတွေနဲ့ အတူတူသင်ကြားခွင့်ရလို့ အတိုင်းမသိ
ဝမ်းသာမိပါတယ်။
နောင်လာမဲ့ အချိန်တိုင်းမှာ ဒီထက်မက ကူညီခွင့်ရပါစေလို့
ရွှေဘိုမြို့က ကျောက်စေတီလေးမှာ ဆုတောင်းရင်း အမောပြေခဲ့ပါပြီ။
မနက်ဖြန် နောက်သင်တန်းတစ်ခုအတွက်
အားတင်းရင်း
လရိပ်လေး (မောင်းမကန်)
၅.၄.၂၀၁၇
http://layeiklay.blogspot.com/
ရွှေဘိုမြို့က ကျောက်စေတီလေးမှာ ဆုတောင်းရင်း အမောပြေခဲ့ပါပြီ။
မနက်ဖြန် နောက်သင်တန်းတစ်ခုအတွက်
အားတင်းရင်း
လရိပ်လေး (မောင်းမကန်)
၅.၄.၂၀၁၇
http://layeiklay.blogspot.com/
Saturday, April 1, 2017
***ကိုယ့်အကြောင်းကိုယ်သိဖို့***
အတ္တအရေခြုံထားသူတွေက
ဖြူစင်မှုအကြောင်းကို ချဲ့ကားပြီး
အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။
မာနအရေခြုံထားသူတွေက
ကိုယ်ချင်းစာတရားအကြောင်း
ချဲ့ကားပြီး အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။
လူသားဖြစ်နေပြီး
လူ့ဘဝအကြောင်းမသိထားသူတွေက
လူသားတွေ အကြောင်းသုံးသပ်နေကြတယ်။
လောကကြီးကလူတွေက
ကိုယ့်စိတ်ထား ကိုယ့်အကြောင်းကို သုံးသပ်ပြီး
အဓိပ္ပါယ်ဖွင့်ဆိုဖို့ မေ့နေတတ်ကြတယ်။
လရိပ်လေး (မောင်းမကန်)
၁.၄.၂၀၁၇
http://layeiklay.blogspot.com/
***စိမ်း***
သခင့်အပါး အချစ်များနှင့်
ဝင့်ကြွားလို့သာ နေချင်ပါလည်း
တဏှာစက်ကွင်း သည်ချစ်ခြင်းက
ရင်တွင်းပူပြင်း နှိပ်စက်ခြင်းမို့
ခပ်ကင်းကင်းလေး နေတော့မယ်။
သခင့်အရိပ် နွေးစေလိမ့်လည်း
ချစ်စိတ်တဏှာ ပူလှတာကို
မှန်စွာသိရ ခုဘဝဝယ်
ခဏအေးငြိမ်း စိတ်မယိမ်းဖို့
ခပ်စိမ်းစိမ်းလေး နေတော့မယ်။
လရိပ်လေး (မောင်းမကန်)
31.3.2017
http://layeiklay.blogspot.com/









