Pages

Saturday, September 24, 2016

***လွမ်းငွေ့***

အလွမ်းဆိုတာ
ချစ်ခြင်းကြောင့်ဖြစ်ပေါ်ပြီး
ပြောင်းလဲလို့မရတဲ့ သီအိုရီတစ်ခုလား။

အရာအားလုံး ဟောင်းနွမ်းသွားလည်း
သူကတော့ တည်မြဲနေဆဲ။

ချစ်ခြင်းဆိုတဲ့အရာ ပျောက်ဆုံးလည်း
သူကတော့ရှင်သန်ဆဲ။

"အချိန်က ကုစားသွားမှာပါတဲ့"
အဲဒီစကားလုံး ကျွန်မနဲ့မဆိုင်ဘူး။

သူ့ကို ကျွန်မ စက္ကန့်တိုင်း
လွမ်းတယ်။

လရိပ်လေး (မောင်းမကန်)
23.9.2015
http://layeiklay.blogspot.com/

***ရောင်စဉ်မတူပေမဲ့***

ရောင်စဉ်မတူပေမဲ့
နားလည်မှု မေတ္တာတရားနဲ့ ရှင်သန်ကြရင်
အချစ်ဆိုတာ ပိုအသက်ဝင်ကောင်းပါရဲ့

လရိပ်လေး (မောင်းမကန်)
21.9.2016
http://layeiklay.blogspot.com/

Sunday, September 18, 2016

***ပုပ္ပါးရှုခင်း***

ပုပ္ပါးရှုခင်း ကြည့်နေရင်းနှင့်
ရင်တွင်းလွမ်းစ ဖြေမရပဲ
မှန်းဆသူ့ဆီ တမ်းတသည်။


လရိပ်လေး (မောင်းမကန်)
18.9.2016
http://layeiklay.blogspot.com/

Saturday, September 17, 2016

***ကောင်းမြင်စိတ်ထား မေတ္တာပွား***










အမှောင်နှင့်အလင်း ဖြစ်တည်ခြင်းဝယ်
ဖြစ်ရင်းပျက်ရင်း ခဏတွင်းမို့
အလင်းရစဉ် သိဥာဏ်ယှဉ်လျက်
ကောင်းမြင်စိတ်ထား မေတ္တာပွားလော့


လရိပ်လေး (မောင်းမကန်)
16.9.2016
http://layeiklay.blogspot.com/

***အလင်းမဲ့ည***


အလင်းမဲ့ည တခဏဝယ်
ပျောက်ရှအိမ်မက် ဖြေရခက်လည်း
သက်ဆုံးတိုင်ပင် ရုန်းကန်ချင်သည်
ထိုစဉ်ဘဝ ဘယ်ကစမလဲ....?

လရိပ်လေး (မောင်းမကန်)
15.9.2016
http://layeiklay.blogspot.com/

Wednesday, September 14, 2016

***ပုပ္ပါးညအလှ လွမ်းမြေခ***

လရောင်ဝင့်ကြွား ကြယ်တွေကြားဝယ်
ပုပ္ပါးတောင်လှ တိမ်တောင်ခလျက်
ညချမ်းအလှ ထုတ်လှစ်ပြတော့
ဝးမှချစ်သူ မေ့သည်းအူကို
ရင်ဆူနွမ်းလျ လွမ်းနေရ။


လွမ်းရစိတ်တွေ ဖြေဖျောက်နေလည်း
သည်မြေဌာန ရှုခင်းလှက
ရှုမငြီးစရာ ဖြစ်နေတာမို့
လွမ်းရင်းလွမ်းဆဲ လွမ်းဆင့်ကဲလျက်
ရင်ထဲဖြေမရ လွမ်းမြေခ။

နောင်သောအခါ သည်နေရာသို့
နှစ်ဖြာစုံတွဲ တူယှဉ်နွဲ၍
မခွဲမခွာ လာရပါစေ
သစ္စာပြုရင်း တောင်းဆုချွေသည်
လွမ်းဖြေပါရစေ ပုပ္ပါးမြေ။

လရိပ်လေး (မောင်းမကန်)
13.9.2016
http://layeiklay.blogspot.com/

Sunday, September 11, 2016

***လူပီသချင်တဲ့ ရည်မှန်းချက်***

အမေနဲ့ မိသားစုကို ပေးဆပ်ချင်ခဲ့တဲ့စိတ်
ကျေးဇူးတရားဆိုတဲ့ အရိပ်ကြောင့်
အမေ့နဲ့ ဝေးကွာရင်း
နှလုံးသားကို ရိုက်ချိုးထားရတယ်။
အချိန်တွေ ဖဲ့ပေးရတယ်။
မေတ္တာတရားတွေ ငတ်မွတ်ခဲ့ရတယ်။
အားငယ်ချိန်တိုင်း ကြိတ်မှိတ်ဖြေသိမ့်ရတယ်။
ကျလုလုမျက်ရည်တွေကို ထိန်းချုပ်ရင်း
မာကျောချင် ဟန်ဆောင်ခဲ့တယ်။

အမေ့ရှေ့မှာဆို အများအတွက် ဆက်လျှောက်နေတဲ့
စိတ်ဓာတ်ခိုင်မာတဲ့ သမီးတစ်ယောက်
နောက်ကွယ်မှာတော့ အမေ့ကိုလွမ်းရင်း
ဘဝရဲ့ခါးသီးမှုများကို အချိန်နဲ့အမျှရုန်းကန်နေသူပေါ့။

ဘယ်လိုပဲ ခက်ခဲလည်း အမေ့ရဲ့
အရိပ်တစ်ခုနဲ့တင် ပြဿနာအားလုံးကို
ကျော်ဖြတ်နိုင်နေခဲ့တာမို့ အမေ့ကို
အရမ်းချစ်တယ် အမေ။

တချိန်ချိန်မှာ ဆိုတဲ့ ရည်ရွယ်ချက်နဲ့
အမေရယ် လွမ်းနေမိပါရဲ့။

မသန္တာ( မောင်းမကန်)
11.9.2016
http://layeiklay.blogspot.com/

***အခွင့်အရေး & အခွင့်အလမ်း***

အခွင့်အရေး မယူတတ်သောသူအတွက်
အခွင့်အလမ်းပေါင်းများစွာ ရရှိလာနိုင်သည်။

သို့သော် ရိုးသား၍ ကိုယ်ချင်းစာတတ်ရမည်။

မသန္တာ( မောင်းမကန်)
10.9.2016
http://layeiklay.blogspot.com/

***ယုံကြည်မှု***

သူ နဲ့ ကျွန်မဆုံခဲ့တဲ့ အချိန်ကစပြီး
ဘဝတစ်ခုလုံး ပြီးပြည့်စုံခဲ့တယ်။

သူရှိနေရင် ကျွန်မ အရာအားလုံးကို
ရင်ဆိုင်ရဲတယ်။

သူဟာကျွန်မ ဘဝရဲ့ အဖော်မွန်ကောင်း
လမ်းပြသူ၊ နှစ်သိမ့်ဆွေးနွေးပေးနိုင်သူ။

သူ့ကို ကျွန်မအရမ်းချစ်တယ်။

မသန္တာ (မောင်းမကန်)
10.9.2016
http://layeiklay.blogspot.com/

*** တောင်းဆုချွေ***

တောင်ပေါ်ထိပ်ဖြား တန်ခိုးထွားသည့်
မြတ်ဘုရားရှင်ဆီ ဖူးမျှော်ရည်လျက်
တည်ရှိသာသနာ ပြန့်ပွားရာသို့
သစ္စာမြဲစေ တောင်းဆုချွေ။

နေပြည်တော် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး

မသန္တာ( မောင်းမကန်)
10.9.2016
http://layeiklay.blogspot.com/

***သေခြင်းတရား***

လူတစ်ယောက်ဟာ နောင်ခြောက်လအတွင်းသာ
အသက်ရှင်ခွင့်ရှိတော့မယ်လို့ အသေချာသိထားရင်

အတ္တမာနတွေ ဂုဏ်ပကာသနတွေက
အရာထင်ပါ့အုံးမလားနော်။

သေခြင်းတရားဆိုတဲ့ ပန်းတိုင်ကို
လျှောက်လှမ်းဖို့ ဘာတွေလုပ်သင့်သလဲဆိုတာကိုပဲ
တွေးမိလိမ့်မယ်ထင်ပါရဲ့။

မသန္တာ( မောင်းမကန်)
9.9.2016
http://layeiklay.blogspot.com/

*** ပျောက်ကင်းနိုင်သည့်ရောဂါများ***

"မင်္ဂလာဦး ကြယ်ပဲထုတ်ကုန်"
စက်ရုံမှ ဓာတုဆေးဝါးလုံးဝမပါဝင်ပဲ
သန့်ရှင်းသန့်ရပ်စွာထုတ်လုပ်ထားသည့်

"ဆေးဖက်ဝင် ကြယ်ပဲလက်ဖက်ခြောက်"
" ကြယ်ပဲအစေ့လှော် "
ကိုစားသုံးခြင်းဖြင့်
ပျောက်ကင်းနိုင်သည့်ရောဂါများ
------------------------------------

*** သွေးတိုး၊ ဆီးချို၊ကျောက်ကပ် ရောဂါလျော့ကျသက်သာစေခြင်း။
*** အဆစ်အမြစ်ကိုက်ခဲခြင်း။
*** ပန်းနာရင်ကျပ်ဖြစ်ခြင်း
*** ခန္ဓာကိုယ်အတွင်း အဆီပိုများလျော့ကျစေခြင်း။
***နှလုံးခုန်နှုန်း ကောင်းမွန်ခြင်း။
***ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း။
*** အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း။
***ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ပေးခြင်း။
***ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးခြင်း။
***အရိုးကျန်းမာရေးကို အထောက်အကူပေးခြင်း။
***ဆီးလမ်းကြောင်းသန့်စင်ခြင်း။
***သွေးလေခြောက်ခြားခြင်းကို ကာကွယ်ပေးခြင်း။
ကြယ်ပဲလက်ဖက်ခြောက် --- တစ်ထုပ် ၃၀၀၀ ကျပ်
ကြယ်ပဲအစေ့လှော် --- တစ်ထုပ် ၃၀၀၀ကျပ်
ဖြင့်မှာယူသောက်သုံးနိုင်ပါပြီရှင်။
ပြန်လည်ရောင်းချလိုသူများကိုလည်း လက်ကားဈေးနှုန်း သတ်မှတ်ပြီး အဆင်ပြေစွာရောင်းချနိုင်ရန် ဆောင်ရွက်ပေးနေကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင်။

ရန်ကုန်မြို့
ဖုန်း - 09795544005

***လွမ်းကြောင်းသက်သေ သူသိစေ***

ချစ်မိမိုက်မှား ဝေဒနာကြားမှ
လွမ်းစကား ကြားချင်မိသည်။

ချစ်မိသူအား လေလှိုင်းကြားမှ
လွမ်းစကား အမှာပါးချင်သည်။

ချစ်မိသူစိမ်း ရှောင်ဖယ်တိမ်းလည်း
မယိမ်းယိုင်ပဲ မျှော်နေမိသည်။

နောက်ဆုံးလက်ပြ ခွဲခွာရလျက်
ဆုံကြရက်တွေ ကုန်ခဲ့လေလည်း
ရေမြေဆုံးတိုင် လွမ်းနေမည်။

မသန္တာ( မောင်းမကန်)
8.9.2016
http://layeiklay.blogspot.com/

Thursday, September 8, 2016

***သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့စဉ်***

 
START YOUR BUSINESS AND
GENERATE YOUR BUSINESS TRAININGအပြီး 
မင်္ဂလာဦးကြယ်ပဲထုတ်ကုန်စက်ရုံမှ သင်တန်းသားများအား
သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့စဉ်

မသန္တာ (မောင်းမကန်)
8.9.2016
http://layeiklay.blogspot.com/
 

***လှေခွင်းတောင်ဘုရား***


လှေခွင်းတောင်ဘုရား
ဇေယျာသီရိမြို့နယ်
နေပြည်တော်

မသန္တာ (မောင်းမကန်)
8.9.2016
http://layeiklay.blogspot.com/

***ကျန်းမာရေးကောင်းစေဖို့ ကြယ်ပဲထုတ်ကုန် သုံးစွဲစို့***


***ကျန်းမာရေးကောင်းစေဖို့ ကြယ်ပဲထုတ်ကုန် သုံးစွဲစို့***

စီးပွားရေး လုပ်ငန်းလို့ပြောတာနဲ့ လူတိုင်းက အမြတ်ရဖို့
ပထမဦးစားပေးအဖြစ် အဓိကတွေးတတ်ကြတယ်။
တစ်ချို့သော သူများက စားသုံးသူရဲ့လိုအပ်ချက်ကိုကြည့်တယ်။
တစ်ချို့က သမာအာဇီဝကျပြီး မိသားစုတစ်ခုလုံးရဲ့
ဝင်ငွေအတွက် ကြည့်ကြတယ်။အားလုံးကမမှားပါဘူး။
အဓိကကတော့ စီးပွားရေးလုပ်ငန်း
အောင်မြင်ဖို့ဆိုရင် စားသုံးသူတွေရဲ့ လိုအပ်ချက်ကိုသိပြီး
ပြိုင်ဘက်တွေထက်သာအောင် ဖြည့်စည်းပေးရမယ်။
သမာအာဇီဝကျပြီး စားသုံးသူအကျိုးရှိရမယ်။
မိမိအတွက်လည်း အများလက်ခံနိုင် လောဘမပါတဲ့ သင်တင့်တဲ့အမြတ်ကျန်ရမယ်။
ဒါမှလုပ်ငန်းရှင်အတွက်ရော၊ စားသုံးသူအတွက်ရော အကျိုးရှိမှာဖြစ်တယ်။
ဒီလိုမျိုးအချက်တွေ အတွေးနဲ့ လုပ်ဆောင်ခဲ့တဲ့လုပ်ငန်းက မအောင်မြင်နိုင်စရာအကြောင်းမရှိဘူးလို့ ရဲရဲအာမခံနိုင်တဲ့
လုပ်ငန်းတစ်ခုကို စတင်အကောင်ထည်ဖော်ဖို့ ကျွန်မကြိုးစားခဲ့တယ်။
ကျွန်မနဲ့စတင်လုပ်ဆောင်ခဲ့သူက နေပြည်တော် ပျဉ်းမနားမြို့က
ကိုမောင်မောင်ဦး ကြယ်ပဲထုတ်ကုန်လုပ်ငန်းရှင်ပါ။
စတင်တွေ့ခဲ့ချိန်မှာ သူရဲ့ရည်ရွယ်ချက်ကို မေးဖြစ်တယ်။
အဓိကရည်ရွယ်ချက်က ကျန်းမာရေးအတွက်တကယ်သင့်တော်တဲ့
ဒီကြယ်ပဲထုတ်ကုန်ကို မြန်မာနိုင်ငံအတွင်း စားသုံးသူတွေ
ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူသုံးစွဲခွင့်ရစေချင်တာရယ်၊
စိုက်ပျိုးသူ တောင်သူတွေအတွက် ဈေးကွက်ရရှိဖို့ အဓိကလုပ်ဆောင်တယ်ဆိုတာ သိလိုက်ရတယ်။
ထုတ်ကုန်အကြောင်းမေးဖြစ်တယ်။ ဓာတုပစ္စည်းလုံးဝမပါပဲ ထုတ်လုပ်ထားပြီး စားသုံးသူအတွက် အကျိုးရှိတာ သိလိုက်ရတယ်။
ကျွန်မဆုံးဖြတ်ချက်ချလိုက်တယ်။ ကြယ်ပဲထုတ်ကုန်ကို
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သွေးတိုးဆီးချိုရောဂါခံစားနေရသူတွေ၊
နှလုံးသွေးကြောကျဉ်း၊နှလုံးအဆီဖုံးရောဂါ၊အဆစ်အမြစ်ကိုက်ခဲတဲ့သူ
အဝလွန်ပြီး အဆီကျချင်သူတွေကို အဓိကသုံးစွဲခွင့်ရစေမယ်လို့လေ။
စေတနာကောင်းရင် ကံကောင်းမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့
ကျွန်မနဲ့ ကိုမောင်မောင်ဦးရယ်၊ မန္တလေးက မခင်စန်းမြင့်ရယ်
တိုင်ပင်ပြီး ကြယ်ပဲ လက်ဖက်ခြောက်၊ကြယ်ပဲအစေ့လှော်၊
ကြယ်ပဲ အဆီကို လက်လီလက်ကားဖြန့်ချီရောင်းချဖို့
ကြိုးစားကြတယ်။ လက်ဖက်ခြောက်ထုတ်လုပ်တဲ့နေရာမှာ
ကိုယ်တိုင်ကြီးကြပ်ကြတယ်။အစေ့လှော်တဲ့နေရာ၊
အဆီကြိတ်တဲ့နေရာကစ အသေးစိတ် စစ်ဆေးကြတယ်။
ကျွန်မတို့အင်းအားနဲ့ တန်တဲ့ ဖေ့ဘုတ်ကနေ စတင်အသိပေးပြီး
ဖြန့်ချီရေးကို စတင်ခဲ့ရတယ်။ ဆရာသမားတွေကို လက်ဆောင်
အဖြစ်ကန်တော့ပြီး ကူညီခွင့်ရခဲ့တယ်။
တစ်လအတွင်းမှာပဲ စားသုံးသူတွေဆီက အကြောင်းပြန်မှုတွေ
ရရှိလာတယ်။ သွေးတိုးသမားတွေ ဆီးချိုသမားတွေ၊ အဆစ်အမြစ်ကိုက်သူတွေ၊နှလုံးအဆီဖုံးသမားတွေ
သက်သာကြောင်းပြောပြီး ထပ်ပြီးမှာလာကြတယ်။
စားသုံးသူတွေရဲ့ အဆင့်ဆင့်ပြောကြားရာကနေ
ဖြန်ချီရေး ပိုမိုအားကောင်းလာတယ်။ ဒီအချိန်မှာ
ကံကောင်းမှုတွေက ထပ်ဆင့်ရောက်လာပါတယ်။
မနေ့က ကြယ်ပဲစိုက်ပျိုးရေးအသင်းက ဥက္ကဌနဲ့အတူ
အသင်းဝင်တွေက ကိုမောင်မောင်ဦးရဲ့လုပ်ငန်းကို
ပံ့ပိုးပြီး အကူညီပေးဖို့ရောက်ရှိလာသလို
ကုန်ကြမ်းတွေ ဝယ်ယူပြီး ကိုယ်တိုင်လာရောက်ပို့ပေးကြတယ်။
ဆွေးနွေးပွဲလုပ်ပြီး ကူညီပေးဖို့ ထောက်ခံကြတယ်။
ဒီနေ့လည်း မြဝတီ သတင်းစာကနေ ကိုမောင်မောင်ဦးရဲ့
ကြယ်ပဲစိုက်ပျိုးရေးနဲ့ ထုတ်ကုန်အကြောင်းဖော်ပြနိုင်ခဲ့တယ်။
တဆက်တည်းမှာ ဆောင်းပါးလေးကြောင့် ကျွန်မဆီကို
ထုတ်ကုန်တွေ မှာယူသူပိုပြီးတိုးလာတယ်။အရမ်းပျော်နေမိတယ်
လူတိုင်းအတွက်အကျိုးရှိစေတဲ့ အရာတစ်ခု စားသုံးသူတွေလက်ခံတာကိုသိရလို့ပါ။
ကျွန်မတို့ရဲ့ကြယ်ပဲထုတ်ကုန်က စားသုံးသူတွေကိုတကယ်အကျိုးရှိစေပြီး ဓာတုဆေးဝါးလုံးဝမပါဝင်ပဲ
သဘာဝအတိုင်းထုတ်လုပ်ထားတာမို့ စိတ်ချလက်ချသုံးစွဲနိုင်ကြောင်း
ဒီနေရာကနေ အသိပေးချင်ပါတယ်။
စေတနာကို အရင်းခံပြီး ကျွန်မတို့ တတ်ကျွမ်းသလောက်
အားစိုက်ပြီး ထုပ်ပိုးမှုပုံစံလေးတွေကို ထုတ်လုပ်ထားတာမို့
စားသုံးသူတွေအနေနဲ့ အချင်းချင်း အပြန်အလှန် အကြံပြုရင်း
ကျွန်မတို့ရဲ့ မင်္ဂလာဦး ကြယ်ပဲထုတ်ကုန်များကို
စိတ်ချလက်ချ ဝယ်ယူအသုံးပြုကြပါလို့ တိုက်တွန်းချင်ပါတယ်ရှင်။

ဝယ်ယူနိုင်သောနေရာများ
ရန်ကုန်- ဒေါ်သန္တာကြည် သမိုင်းဈေးဘူတာ( ၃)လမ်း
မရမ်းကုန်းမြို့နယ်
ဖုန်း- 09795544005

မန္တလေး- မခင်စန်းမြင့်
ဖုန်း - 092056580

ထားဝယ်၊မောင်းမကန်
ဒေါ်ဇင်မာကြည်
ဖုန်း - 09422206773

တောင်တွင်းကြီး
မဝင်းမင်းသန်း
ဖုန်း - 095333221

ဆေးဖက်ဝင် ကြယ်ပဲ စိုက်ပျိုးရေး အကြောင်း သိကောင်းစရာ

 
ဆေးဖက်ဝင် ကြယ်ပဲ စိုက်ပျိုးရေး အကြောင်း သိကောင်းစရာ

Wednesday, 07 September 2016 13:14

မင်္ဂလာပါခင်ဗျာ။ ပထမဆုံး အနေနဲ့ ကြယ်ပဲပင် သမိုင်းကြောင်းနဲ့ ကြယ်ပဲ စိုက်ပျိုးရေး တွင်တွင် ကျယ်ကျယ် ပြုလုပ်နေတဲ့ နိုင်ငံတွေရဲ့ အကြောင်းကို ရှင်းပြ ပေးပါခင်ဗျာ။

ဒီဆေးဖက်ဝင် ကြယ်ပဲကို ပီရူးနိုင်ငံမှာ စတင် စိုက်ပျိုးပြီး စားသုံးဆီ အဖြစ် ထုတ်လုပ် အသုံး ပြုနေတာကို တရုတ်နိုင်ငံနဲ့ ရုရှား နိုင်ငံတို့က သုတေသန လုပ်ရင်း သိရှိခဲ့တာ ဖြစ်ပါတယ်။ ပီ ရူး နိုင်ငံသားတွေမှာ နေ့စဉ် သုံးစွဲနေတဲ့ ဟင်းချက်ဆီ ဆိုတာ မရှိခဲ့ဘူး။ ဟင်းချက်ခါနီးမှ ဒီ ကြယ်ပဲ အစေ့တွေကို ထုထောင်းပြီး ဆီအဖြစ် စတင် စားသုံး ခဲ့တာ ဖြစ်ပါတယ်။ ဆေးဖက် ဝင်မှု အနေနဲ့ လူသားတွေ အတွက် အဓိက လိုအပ်တဲ့ အိုမီဂါ (3/6/9) နဲ့ ဘီတာမင် A နဲ့ E ဓာတ် ကြွယ်ဝတာတွေ အပြင် ဆီးလမ်းကြောင်း သန့်ရှင်းပြီး ကျောက်ကပ် အားကောင်းစေ ခြင်း၊ ခန္ဓာကိုယ် အတွင်းရှိ အဆီပိုများ လျော့ကျစေခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချိုရောဂါတွေ လျော့ကျ သက်သာစေခြင်း၊ အိုမင်း ရင့်ရော်မှုကို တားဆီး ကာကွယ်ပေးခြင်း၊ ကင်ဆာရော ဂါဖြစ်ပွားမှုကို ကြိုတင် ကာကွယ်ပေးခြင်း တို့ကို တွေ့ရှိရတဲ့ အတွက် တရုတ်နိုင်ငံက စိုက်ပျိုး ခဲ့တာ ဖြစ်ပါတယ်။နောက်ပိုင်း ကမ္ဘာ့ နိုင်ငံ အသီးသီးကို ဒီကြယ်ပဲ မျိုးစေ့တွေ ပျံ့နှံ့ ရောက်ရှိပြီး စိုက်ပျိုးလာ တာ ဖြစ်ပါတယ်။

ပြည်ပက ကြယ်ပဲစေ့တွေကို ပို့ကုန်အနေနဲ့ တင်ပို့ပေးဖို့ ကမ်းလှမ်း လာတာတွေရော ရှိပါသလား။

စင်ကာပူနိုင်ငံ Mr. Donal က ကြယ်ပဲစေ့ ကုန်ကြမ်း ဝယ်ယူဖို့ ကမ်းလှမ်း လာပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေမှာ ကျွန်တော်တို့ နိုင်ငံက စိုက်ပျိုးနေတဲ့ ကြယ်ပဲက သူတို့ လိုချင်တဲ့ ပမာ ဏကို မထုတ်လုပ် နိုင်သးတဲ့ အတွက် မပို့နိုင် သေးပါဘူး။

မြန်မာနိုင်ငံကို ကြယ်ပဲ စတင်ရောက် ရှိလာပုံနဲ့ ကြယ်ပဲကို စီးပွားဖြစ် စိုက်ပျိုးနေတဲ့ မြို့နယ်တွေကို ပြောပြပေးပါ။

ကြယ်ပဲမျိုးစေ့က မြန်မာနိုင်ငံကိုတော့ တိုက်ရိုက် ရောက်လာတာ မဟုတ်ပါဘူး။ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကနေ ဆင့်ပွားမျိုး ယူပြီး စတင် စိုက်ပျိုး ခဲ့ကြတာဖြစ်ပါတယ်။ ဒီလို စိုက်ပျိုးလို့ ရရှိတဲ့ ကြယ်ပဲမျိုးကို ပြန်ပြီး စိုက်ကြည့်တော့လည်း သူ့ရဲ့ အ စွမ်းပြောင်းလဲမှု မရှိတာကြောင့် ကျွန်တော်တို့ ဆက်ပြီး စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာတော့နေပြည်တော်၊ တောင်ကြီး၊ မုံရွာ၊ မကွေး၊ ဖြူးနဲ့ မြို့နယ် တော်တော် များများမှာ လည်း စပြီး စိုက်ပျိုးနေပါပြီ။

ကမ္ဘာမှာရော မြန်မာမှာပါ ကြယ်ပဲပင်က ထွက်ရှိတဲ့ ကုန်ချော ပစ္စည်း အမျိုးအစားနဲ့ အသုံးဝင်ပုံ လေးတွေကို ရှင်းပြပေးပါ။

ကုန်ချော အနေနဲ့ကတော့ နိုင်ငံတကာမှာ စားသုံးဆီကို ကြယ်ပဲက ထုတ်လုပ်နေတာပါ။မြန်မာ နိုင်ငံမှာတော့ ကြယ်ပဲကို စားသုံးဆီ အဖြစ်၊ကြယ်ပဲ အရွက်ကို လက်ဖက်ခြောက် အဖြစ်၊ကြယ်ပဲ အစေ့ကို ကြော်၊ လှော်ပြီး မုန့်ပဲ သရေစာ အဖြစ် စားသုံးနိုင် အောင် ထုတ်လုပ် နိုင်တဲ့အပြင် ဆပ်ပြာ မျိုးစုံ ချက်တဲ့ နေရာမှာ စတင် စမ်းသပ် အသုံးပြုနေ ပါပြီ။ကမ္ဘာမှာတော့ ဒါတွေအပြင် အသားလှဆီ၊ ခေါင်းလိမ်းဆီ၊ ခေါင်းလျှော်ရည်၊နောက်ဒီ ကြယ်ပဲ အမှုန့် ကနေ ဟင်းခါးမှုန့် တွေကိုပါ ထုတ်လုပ် နေပါပြီ။

ဦးမောင်မောင်ဦး အနေနဲ့ ကြယ်ပဲ စတင် စိုက်ပျိုးဖြစ်ပုံ၊ စိုက်ပျိုး နည်းစနစ်နဲ့ သက်တမ်းလေး တွေကို ရှင်းပြပေးပါ။

ကျွန်တော်တို့စပြီး စိုက်ဖြစ်ခဲ့တာ ကတော့ ကြယ်ပဲ သီးနှံဟာ ဆေးဖက်ဝင်တဲ့ သီးနှံ တစ်ခုဖြစ် ကြောင်း Online မှာ စတွေ့တဲ့ အချိန်က စတာပါ။ ဘယ်သူမဆို Sacha Inchi ဆိုပြီး Online မှာ ရှာလိုက်ရင် နိုင်ငံတကာရဲ့ ဘာသာ စကားတွေနဲ့ အကျိုး အာနိသင်တွေ များစွာ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော့် အမေက အသက် ၆ဝ ရှိပါပြီ။ သွေးတိုး ရော ဂါကြောင့် ဆေးရုံ အမြဲ တက်နေရတယ်။ တိုက်တိုက် ဆိုင်ဆိုင် ဒီကြယ်ပဲ ဆေးဖက်ဝင် လက်ဖက် ခြောက်ကို စပြီး သောက်သုံးဖြစ် ကတည်းက လုံးဝကို သက်သာသွားတာ ကြောင့်လည်း ပါပါ တယ်။ စိုက်ပျိုးတဲ့ အချိန်မှာလည်း စိုက်ပျိုးရတာ အလွန်အင်မတန် လွယ်ကူတဲ့ သီးနှံဖြစ်ပါ တယ်။ သူ့ရဲ့ အာနိသင်က တန်ဖိုးများစွာ ရှိတဲ့ အတွက်ကြောင့်စပြီး စိုက်ပျိုး ဖြစ်ခဲ့တာပါ။ အသင်း အဖွဲ့တွေဖွဲ့ပြီး စိုက်ပျိုးဖို့လည်း စပြီး ဆောင်ရွက် နေပါတယ်။ တောင်သူတွေ လိုက်ပြီး စိုက်ပျိုးနိုင်တဲ့ ကုန်ကျစရိတ်နဲ့ စတင် စိုက်ပျိုးခဲ့တာပါ။နိုင်ငံတကာ စံနှုန်းတွေနဲ့ ဆိုရင်တော့ ကုန်ကျစ ရိတ်မြင့်တယ်။ သာမန် တောင်သူတွေ လုပ်နိုင်လောက်တဲ့ အနေအထားနဲ့ စိုက်ပျိုး နည်းစနစ် လေးငါးမျိုးလောက်နဲ့ လုပ်တာ ဖြစ်ထွန်းတာခြင်း သိပ်မခြားနားပါဘူး။ ဒါကြောင့် ကျွန်တော် ကိုယ်တိုင်လည်း စပြီး စိုက်ပျိုးဖြစ်တယ်။ သက်တမ်း အနေနဲ့ကတော့ ပျိုးအိတ်နဲ့ စပျိုးတဲ့ ရက်ကနေ ၄၅ ရက်၊ရက် ၆ဝကြား ပျိုးပင်တွေက အကောင်းဆုံး အချိန်ပါ။ စိုက်ပျိုးပြီး သုံး လနေရင် အပွင့် စပွင့်တယ်။ အသီးစသီးပြီး ရှစ်လမှာ စခူးလို့ ရပါပြီ။ တစ်နှစ်ပတ်လုံး အပွင့်အသီးမပြတ်ဘဲ နှစ်ပေါင်း ၅ဝ နီးပါး သက်တမ်းရှည် အပင်မျိုး ဖြစ်ပါတယ်။

လက်ရှိ ကြယ်ပဲပျိုးစေ့များ ပျိုးထားပုံ၊ စိုက်ပျိုးပြီး ဧကနဲ့ အောင်မြင် နေပုံလေးတွေ ကိုလည်း ရှင်းပြပေးပါ။

ကျွန်တော့် ဆီမှာ လက်ရှိ ကြယ်ပဲ ပျိုးပင်ကိုတော့ ကျန်းမာ သန်စွမ်းပြီး အထွက်နှုန်း ကောင်းတဲ့ ပျိုးပင် တွေရဖို့ မျိုးစေ့ အညှောင့်ဖောက်၊ပျိုးထောင်မြေချ စိုက်ပျိုး နည်းစနစ်ကို ကျင့်သုံးပါတယ်။အများစုလည်း ဒီစနစ်ကို အလေးထား ကျင့်သုံး နေကြပါတယ်။ပျိုးပင် အရေအတွက်က ၄၅ ရက် ကျော်သက်တမ်း စိုက်တန်ကောင်း အရွယ် အပင်အရေအတွက် သုံးသောင်း ရှိပါတယ်။ကိုယ်လည်းစိုက်၊တစ်ပါး သူတွေကိုလည်း ပျိုးပင်တစ်ပင် ငွေကျပ် ၅ဝဝ နှုန်းနဲ့ ဖြန့်ဖြူး ရောင်းချပေး ပါတယ်။ကျွန်တော့်ဆီ မှာ လက်ရှိ တစ်ပိုင်တစ်နိုင် အနေနဲ့ ဧက ၂ဝ ကျော် စိုက်ပျိုးထားတာ ဖြစ်ထွန်း အောင်မြင်နေပါပြီ။

ကြယ်ပဲပင် ထွက်ကုန်ပစ္စည်း ဘယ်နှမျိုးလောက်ရှိလဲ။ ဒီပစ္စည်းတွေကို ဝယ်ယူ ရရှိနိုင်တဲ့ နေရာ လေးတွေကိုလည်း ရှင်းပြ ပေးပါခင်ဗျာ။

ကြယ်ပဲ ထွက်ကုန် ပစ္စည်းအနေနဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ စားသုံးဆီ၊ လက်ဖက်ခြောက် ကဲ့သို့ အသုံးပြုနိုင်တဲ့ ကြယ်ပဲရွက်ခြောက်၊ အစေ့ကြော်၊ အစေ့လှော် စတဲ့ပစ္စည်းတွေကို မင်္ဂ လာဦး မြန်မာ့ ကြယ်ပဲ ထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေး ဒေါ်ခင်စန်းမြင့် ပျဉ်းမနားမြို့နယ် ပေါင်းလောင်း(၂)ရပ်ကွက် (၁၈)လမ်း ငုဝါလမ်းထောင့် အမှတ်(၈၇၇) ဖုန်း-ဝ၆၇-၂၅၆၅ဝ၊ ဝ၉-၇၉၇၈၉၇၁၅ဝ၊ ရန်ကုန်မှာ ဆိုရင် ဒေါ်သန္တာကြည် ဖုန်း-ဝ၉-၇၉၅၅၄၄ဝဝ၅ နဲ့ မန္တလေးမှာဆိုရင် ဖုန်း-ဝ၉-၇၉၈၈၇၇၆ဝဝ တို့ဆီမှာ မှာယူရရှိနိုင်ပါတယ်။

တခြား ကြယ်ပဲ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ တောင်သူတွေကိုလည်း စကားလက်ဆောင် ပြောကြား ပေးပါဦး။

စကား လက်ဆောင် အနေနဲ့ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ကစလို့ ကြယ်ပဲ စိုက်ပျိုးရေးကို တစ်ဧက၊ နှစ်ဧကကနေ ၁ဝ၊ ၁၅ ဧကအထိ စိုက်ပျိုး လုပ်ကိုင်နေတဲ့ တောင် သူဦးရေ ၂ဝဝ ကျော်ရှိပါတယ်။ ပထမနှစ်မှာတော့ ဒီကြယ်ပဲက မျိုးသစ်မျိုးဆန်းလည်း ဖြစ် တော့ သိပ်မထွက်ကြဘူးလို့ ထင်ရပေမယ့် ဒီနှစ်မှာတော့ အထွက်နှုန်း ကောင်းလာတာကို တွေ့ရတာ ဝမ်းသာပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ဒီကြယ်ပဲသီးနှံက ဆေးဖက်ဝင် သီးနှံ ဖြစ်တယ်ဆိုတာ သိပ်မသိကြသေးဘူး။ တောင်သူတွေ ထိုက်သင့်တဲ့ ဈေးကွက် ရရှိဖို့ လိုသလို ပြည်တွင်းက စားသုံးသူတွေလည်း ကြယ်ပဲနဲ့ ကြယ်ပဲထွက် စားသုံးကုန် တွေဟာ ဆေးဖက်ဝင် သီးနှံဆိုတာ လူတိုင်း သိဖို့နဲ့ လူတိုင်း သုံးနိုင်အောင် စတင် လုပ်ဆောင် နေပါပြီ။ ရောင်းချ တဲ့ နေရာမှာ လည်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) က စစ်ဆေးမှုများ ဆောင်ရွက် ပေးနေပြီ ဖြစ်ကြောင်း ပြောချင်ပါတယ်။

Written by ရွှေကူ

မြဝတီ

http://www.myawady.net.mm/allnews/interview/item/102231-2016-09-07-13-14-03
 

***သင်တန်းပို့ချပေးခဲ့စဉ် အောင်မြင်မှုပုံရိပ်များ***


နေပြည်တော် ပျဉ်းမနားမြို့

***မင်္ဂလာဦး ကြယ်ပဲထုတ်ကုန်စက်ရုံ***

စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ပြုလုပ်မယ်ဆိုရင်
***ဘယ်လိုလုပ်ငန်းမျိုးကို လုပ်သင့်သလဲ
***လုပ်သင့်တဲ့လုပ်ငန်းကိုဘယ်လိုရွေးချယ်ပြီးရမလဲ
***လုပ်ငန်းကိုဘယ်လိုစတင်သင့်သလဲ၊
***ထုတ်ကုန်ရဲ့ ကုန်ကျစရိတ်ကို ဘယ်လိုတွက်ချက်ရမလဲ၊ ***ထုတ်ကုန်ကို ဈေးကွက်ထဲရောက်ရှိအောင်ဘယ်လိုရောင်းချမလဲ
စီးပွားရေးအတွေးအခေါ်တွေကိုကိုယ်တိုင်သုံးသပ်လုပ်ဆောင်နိုင်ဖို့

ILO (International Labour Organization)မှ
မြန်မာနိုင်ငံအတွက် Localized ရေးဆွဲထားတဲ့
GENERATE YOUR BUSINESS AND
START YOUR BUSINESS
သင်တန်းပို့ချပေးခဲ့စဉ် အောင်မြင်မှုပုံရိပ်များ

မသန္တာ (မောင်းမကန်)
7.9.3016
http://layeiklay.blogspot.com/